ကမ္ဘာကို ကိုင်လှုပ်ခဲ့သော တွေးခေါ်ရှင် ၁၀၀ (ညီညီနိုင်)
ဒဿနိကဗေဒပညာဟာ အနောက်တိုင်းမှာ သက်တမ်းရှည်ကြာပြီး လေးစားလောက်တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ နောက်ကြောင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် ခရစ်တော် မမွေးခင် အနှစ်ခြောက်ရာလောက်ကတည်းက ပေါ်ခဲ့တာပါ။
ဒီစာအုပ်မှာ မရှိမဖြစ်လိုအပ်တဲ့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အနောက်တိုင်း တွေးခေါ်ရှင်ကြီး တစ်ရာအကြောင်း တစ်စေ့တစောင်း မိတ်ဆက်ပေးထားပါတယ်။ သူတို့ကို သူတို့လုပ်ငန်းရှိရာ ကျောင်းတော်ကြီးတွေက စပြီး ခြေရာခံခဲ့တာပါ။
တစ်မူထူးခြားပြီး နားလည်လွယ်အောင် ပြုစုထားသလို ကမ္ဘာကျော် တွေးခေါ်ရှင်ကြီးတွေရဲ့ အတွေးအမြင်တွေကို အတတ်နိုင်ဆုံး ပြန်ရှင်းပြခဲ့တာလည်း ဖြစ်ပါတယ်။
စာဖတ်သူတွေနဲ့ ဒဿနိကဗေဒကို လေ့လာလိုက်စားချင်သူတွေအတွက် တန်ဖိုးမဖြတ် နိုင်တဲ့ စာအုပ်ပါပဲ။
📘ကမ္ဘာကို ကိုင်လှုပ်ခဲ့သော တွေးခေါ်ရှင် ၁ဝဝ
✍ညီညီနိုင်-မြန်မာပြန်
စာ-၃၅၉
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.