3D Modeling With Auto CAD 2018 (Thet Win Soe)
3D Modeling With AutoCAD 2018
DVDအခွေမပါတော့ပါ။
========================
Engineering Drawings များ ဖန်တီး ရေးဆွဲကြရာမှာ များသောအားဖြင့် 2 - Dimen sionals Drawings များကိုသာ ရေးဆွဲ လုပ်ကိုင်ခဲ့ကြပါတယ်။ Engineers တွေ လုပ်ငန်းခွင် မှာ သုံးကြတဲ့ Site Drawings တွေ၊ အလုပ်ရုံတွေမှာ သုံးကြတဲ့ Workshop Drawings တွေဟာ 2D Drawings တွေသာ များပါတယ်။
တည်ဆောက် တပ်ဆင်ရေးအတွက် တိတိကျကျ ညွှန်ကြားလိုတာမျိုး၊ ပစ္စည်း ကုန်ကျစားရိတ် ခန့်မှန်း တွက်ချက် လိုတာမျိုးတွေမှာတော့ 2D Drawings တွေထက် ပိုမို မြင်သာတဲ့၊ Isometric Drawings တွေကို ရေးဆွဲ အသုံး ပြုကြပါတယ်။
ဒါပေမယ့် ၄င်း Isometric Drawings တွေဟာ စတင်ရေးဆွဲစဉ်က မြင်ကွင်းရဲ. 3 - Dimensionals ဆန်ဆန် ပုံစံကိုသာ ဖေါ်ပြနိုင်ပြီး၊ အခြားမြင်ကွင်းများမှ ကြည့်ရှုပြသရန် လိုအပ် လာပါက ပြန်လည် ရေးဆွဲဖို့ လိုအပ်ပါတယ်။
ဒီလို အကန့်အသတ်ကို လက်မခံချင်ရင်တော့ 3 – Dimensionals Models များကိုသာ ရေးဆွဲ အသုံးပြု ကြရ ပါမယ်။ 3D Models တစ်ခု ရပြီ ဆိုရင်တော့၊ ၄င်း Models အတွက် လိုအပ်တဲ့ 2D views များ၊ 3D Views များကို လိုအပ်သလို အလွယ်တကူ ရယူနိုင်ပြီ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ဖို့ လိုအပ်တဲ့ 3D Models တည်ဆောက်ရေးဆွဲ ပုံတွေကို အမြန်ဆုံး၊ အလွယ်ကူဆုံး၊ လေ့လာနိုင်အောင် စီစဉ်ပေးထားတာမို့ Engineering Drawings နဲ့ မကင်းနိုင်တဲ့ Engineers များအားလုံး ကျွမ်းကျင်သည် အထိ လေ့လာ အားထုတ် ပေးကြပါ။ 3D Modeling Enviroment ကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ကြပါစေ လို့။
=========================
စာရေးသူ–Thet Win Soe
-----------------------------------‐------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.