AI အသုံးချဒီဂျစ်တယ်မားကတ်တင်း (Zan Thit)
ဒီစာအုပ်ကို ဖတ်နေတဲ့ သင်ဟာ Digital Marketing ကို စိတ်ဝင်စား တစ်ယောက် ဖြစ်နိုင်သလို လုပ်ငန်းတိုးချဲ့ချင်တဲ့ စီးပွားရေးလုပ်ငန်း /တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ယနေ့ခေတ်မှာ Digital Marketing မလုပ်ဘဲ စီးပွားရေးအောင်မြင်ဖို့ မလွယ်တော့ပါဘူး။ ဒါပေမဲ့ Digita Marketing ကို Al မသုံးဘဲ ဆက်လုပ်နေခြင်းက အချိန်၊ ငွေ၊ အင်အားကို အလွန်အကျွံကုန်ဆုံးစေနိုင်ပါတယ်။ ဒီစာအုပ်ကို ရေးသားရတဲ့ အဓိက ရည်ရွယ်ချက်က AI နည်းပညာကို ခက်ခဲတဲ့ နည်းပညာအဖြစ်မမြင်ဘဲ စီးပွားရေးလုပ်ငန်းရှင်တိုင်း လက်တွေ့အသုံးချနိုင်တဲ့ အသုံးဝင်တဲ့လက်နက် တစ်ခုအဖြစ် နားလည်စေချင်လို့ပါ။ ဒီစာအုပ်မှာ Theory အများကြီး မပါပါဘူး၊ Programming မလိုပါဘူး။ Technical Background မလိုပါဘူး။ မဖြစ်မနေ သိထားရမယ့် မြန်မာဈေးကွက်နဲ့ ကိုက်ညီတဲ့ လက်တွေ့အသုံးချနည်းများနှင့် Al Tools တွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ လမ်းညွှန်ချက်များကို နားလည် လွယ်အောင်ရှင်းပြထားပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီး AI ကို သုံးရမှာကြောက် နေတဲ့သူတစ်ယောက်က AI ကို အကျိုးရှိအောင်အသုံးချတတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အဖြစ် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။
📓AI အသုံးချဒီဂျစ်တယ်မားကတ်တင်း
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.