Autodesk 3DS Max 2018 (ထွန်းသိန်းမောင်)
Autodesk 3DS Max 2018
=======================
ဤစာအုပ်သည် သုံးဖက်မြင်ကွန်ပျူတာမြင်ကွင်းများအတွက် 3D ပုံဆွဲနည်း ကိရိယာကိုလေ့လာခြင်းဖြစ်သည်။ အင်ဂျင်နီယာကျောင်းသားများ၊ Civil, Mechanical, architecture ကျောင်းသားများ၊ ဝါသနာအရ 3Ds Max Designer လုပ်ချင်သူများ၊ Motion 3D ကို စိတ်ဝင်စား လေ့လာလိုသူများ Decoration Designer များ အဆင့်အဆင့် လေ့လာသင့် သော စာအုပ်ဖြစ်ပါတယ်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ Decoration လုပ်ငန်းများ များပြားလာသည်နှင့်အမျှ 3Ds Max Designer, Decoration Designer များမှာ လိုအပ်ချက်များရှိနေပါသည်။
ဒီစာအုပ်ကိုရေးရသည့်ရည်ရွယ်ချက်က 3Dပုံဆွဲဝါသနာပါသူ Architecture, Engineer, Interior Designer, 3DVisualizer, Animater, Graphic Designer ကျောင်းသား၊ကျောင်းသူများနှင့်အလုပ်ခွင်ထဲဝင်နေသူများဒီ "3D Modeling" ပုံဆွဲနည်းကို အခြေခံကစပြီး လေ့လာလို့အဆင်ပြေအောင် ရည်ရွယ်ပြီးထုတ်ထားသောစာအုပ် ဖြစ်ပါတယ်။ Engineering နှင့် ကျောင်းတက်နေသူများ၊ ကျောင်းပြီးထားသူများ Decoration Designer အဖြစ် ဝင်ရောက် :: Show Room Design, Interior Design, Exterior Designများကိုရေးဆွဲလိုသူများ လေ့လာသင့်သော စာအုပ်ဖြစ်ပါတယ်။
သို့ဖြစ်ပါသောကြောင့် မိမိဝါသနာပါရာ Engineering လမ်းကြောင်းသို့ လျှောက်လှမ်းမည် ဆိုပါက 3Ds Max 2018 စာအုပ်အား လေ့လာထားရန် လိုအပ်မည်ဖြစ်ပါသည်။ 3D designer အဖြစ် ရပ်တည်ချင်သူများအတွက် အခြေခံ မှစပြီး သင်ကြားရမည့် စာအုပ်ဖြစ်ပါတယ်။ 3Ds Max 2018 ကို အခြေခံကစပြီး Advanced ထိ Self-Study လေ့လာ
သင်ကြားနိုင်အောင် စီစဉ်ထားပါသည်။
~~~~~~~~~~~~~~
စာရေးသူ–ထွန်းသိန်းမောင်
စာမျက်နှာ–၁၇၂
-----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.