အခြေခံ အင်္ဂလိပ်စာရေးနည်း (San Lin Tun)
အင်္ဂလိပ်စာလေ့လာရာတွင် အဖတ်စွမ်းရည် (reading)၊ အပြောစွမ်းရည် (speaking)၊ နားထောင်စွမ်းရည် (listening) နှင့် အရေးစွမ်းရည် (writing) ဟူ၍ လေးမျိုးရှိပါသည်။ ဤလေးမျိုးထဲမှ အင်္ဂလိပ်စာရေးသားခြင်းဆိုသည်မှာ မိမိရေးသားလိုသော အကြောင်းအရာ ကို ဝါကျဖွဲ့ထုံးမှန်ကန်စွာဖြင့် ရေးသားနိုင်ရန် ဖြစ်ပါသည်။
ဝါကျဖွဲ့ထုံးမှန်ကန်စေရန် အင်္ဂလိပ်ဝါကျတို့၏တည်ဆောက်ပုံ အကြောင်းကို သိရှိထားဖို့ လိုအပ်ပါသည်။ ထို့ပြင် ဝါကျအစိတ်အပိုင်းဖြစ်သော စကားလုံးဝေါဟာရမှ တစ်ဆင့်၊ ဝါကျတစ်ကြောင်းဖြစ်အောင်၊ ထိုမှ စာပိုဒ်၊ ထိုမှ အက်ဆေးဖြစ်အောင် အဆင့်ဆင့် ရေးသား နိုင်ရန်လိုအပ်ပါသည်။ ထိုသို့ရေးသားနိုင်ရန် တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း တည်ဆောက် သွားရမည်ဖြစ်ပါသည်။
ဤစာအုပ်၌ အရေးအသားအတွက်လိုအပ်သော အခြေခံဝါကျပုံစံများ၊ ဝါကျအမျိုးမျိုး၊ စာပိုဒ်ဖွဲ့စည်းပုံ၊ အက်ဆေးစဉ်းစားရေးသားနည်းတို့ကို တစ်ဆင့်ချင်းရှင်းလင်း ပြသထားပါ သည်။
ဤစာအုပ်ကို အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူတို့မှ စ၍ တက္ကသိုလ်အဆင့် တက်ရောက်နေသူများအပြင်၊ ပြင်ပမှ အင်္ဂလိပ်စာအရေးအသား လေ့လာ ချင်သူများ အတွက်ပါ အသုံးဝင်၊ အသုံးပြုနိုင်အောင် စီစဉ် ရေးသားထားပါသည်။
ဆန်းလင်းထွန်း
စာ-၁၀၁
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.