ချစ်သော၊ ချစ်မိသော၊ ချစ်ခဲ့ဖူးသော၊ ချစ်လှစွာသော ယောကျ်ားများ (မြူပါးရ်)

မြူပါးရ်

ချစ်သော၊ ချစ်မိသော၊ ချစ်ခဲ့ဖူးသော၊ ချစ်လှစွာသော ယောကျ်ားများ (မြူပါးရ်)

9000 MMK
Out of stock
Publisher
ISBN
Pages
208
Wishlist View cart

“ချစ်” ဆိုတဲ့ စကားတွေ အများကြီးပါတော့ ဒီစာအုပ်ဟာ ကလက်သလို ဖြစ်နေမှာပေါ့။

ချစ်ရတဲ့ယောကျ်ားများ ဆိုပြန်တော့ “ဟာ..ဘယ်လိုများလဲ” ဆိုပြီး မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို သံသယဝင်ရင် ဝင်မှာပေါ့။ တကယ်တော့ ဒီစာအုပ်ဟာ ဘဝထဲက အချစ်အကြောင်းနဲ့ အချစ်ထဲက ဘဝအကြောင်းကို ပြောပြချင်လို့ ရေးခဲ့တာသာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုရေးတော့ ကျွန်မအသက် ၂၈နှစ်ရှိပြီ။ အတွေ့အကြုံခပ်များများကို မြည်းစမ်းခဲ့ဖူးပြီ။ ပြီးတော့ ကလေးတစ်ယောက်အမေ ဖြစ်နေခဲ့ပြီ။

ဒါကြောင့်ကျွန်မဟာ ဒီဝတ္ထုကို မိခင်စိတ်နဲ့ ရေးခဲ့ပါတယ်။

(ဆရာမ မြူပါးရ်ရဲ့ အမှာစာကောက်နှုတ်ချက်)

ဆရာမပြောသလို ဒီစာအုပ်လေးက ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အချစ်အကြောင်းကို ပြင်ပဗဟုသုတတွေနဲ့ နှိုင်းယှဥ်ချိန်ထိုးပြီး ဝေဖန်ပိုင်းခြားနိုင်ဖို့ အကြောင်းအရာတွေကို ချပြထားတယ်။

ပန်းနေခြည်ဆိုတဲ့ ဇာတ်ကောင်မိန်းမငယ်လေးနှင့်အတူ …သားသမီးနဲ့ မိဘကြားက မိသားစုပြသနာတွေ၊ မိဘတွေ ဖြစ်လေ့ဖြစ်တတ်ရှိတဲ့ အိမ်ထောင်ရေး ပြသနာတွေ ၊ သူငယ်ချင်းကောင်မလေးနဲ့အတူ ဆယ်ကျော်သက်အရွယ်မှာ ကြုံရတဲ့အခက်အခဲတွေကို တွေ့မြင်နိုင်တယ်။

ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းရတဲ့အခါ ချစ်သူတွေကြားဖြစ်တတ်တဲ့ ပြသနာတွေအပြင် အိမ်ထောင်ကျတဲ့အခါမှာလဲ

ထပ်ပြီးရင်ဆိုင်ရတဲ့ဘဝတွေ…

တကယ်တော့ အမျိုးသမီးတွေအတွက် သူတို့ဘဝတစ်လျှောက် ရင်ဆိုင်ရမှုတွေဟာ တကယ််မရိုးရှင်းလှဘူး။ ဒီလိုအရာတွေကို ရင်ဆိုင်နိုင်ဖို့က

ဘယ်လိုအခြေအနေမှာ ကိုယ့်စိတ်ကို ဘယ်လိုပဲ့ကိုင်ထိန်းကျောင်းမလဲဆိုတဲ့အချက်ဟာ အရေးကြီးလှတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းချုပ်နိုင်မှာ…ကျန်တဲ့ဘယ်အရာကိုမှ ထိန်းချုပ်လို့မရဘူးဆိုတာ …ဒီစာအုပ်လေးက

အတွေးအမြင်တစ်ချို့ကို ပေးစွမ်းနိုင်မှာပါ။

စာရေးသူ- မြူပါးရ်

စာမျက်နှာ- 208

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books