ပြောင်းလဲခြင်းရဲ့အလွန် (မြတ်နေခြည်)

မြတ်နေခြည် (ဘာသာပြန်)

ပြောင်းလဲခြင်းရဲ့အလွန် (မြတ်နေခြည်)

7000 MMK
Out of stock
Publisher
ISBN
Pages
108
Wishlist View cart

✳️ဘီလ်ဂိတ်ရဲ့ဇနီးဟောင်း မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ်ဟာ

သူ့ဘဝရဲ့ အရေးကြီးပြီး ဘယ်သူမှ မသိသေးတဲ့ အကြောင်းအရာတွေ နဲ့ယှဉ်ပြီး အပြောင်းအလဲတွေနဲ့

ကြုံလာရတဲ့အခါ ရှုထောင့်အသစ်တွေကနေ

ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို

ဒီစာအုပ်မှာ ပြောပြထားပါတယ်။

✳️အပြောင်းအလဲတွေဆိုတာ ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ချန်ခဲ့ပြီး ဆန်းသစ်တဲ့ ရပ်ဝန်းတစ်ခုကို ရောက်လာတဲ့အခါမှာ ဖြစ်လာပါတယ်။ လူတော်တော်များများအတွက် အပြောင်းအလဲတွေက ရှုပ်ထွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ မသေချာခြင်း စတဲ့ ခံစားချက်တွေကို ယူဆောင်လာပေးပါတယ်။ ဒီစာအုပ်မှာတော့ စာဖတ်သူတွေကို ဆန်းသစ်တဲ့ရပ်ဝန်းမှာ ဘယ်လို လိုက်လျောညီထွေနေပြီး ရှေ့ဆက်ရမလဲဆိုတာကို လမ်းညွှန်ထားပါတယ်။

✳️မယ်လင်ဒါက သူ့ဘဝမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ သူ အမေတစ်ယောက် ဖြစ်ခဲ့ရပုံ၊ ချစ်ရတဲ့ သူငယ်ချင်းကို ဆုံးရှုံးခဲ့ရပုံ၊

ဂိတ်စ်ဖောင်ဒေးရှင်းကနေ ထွက်ခွာလာပုံတွေကိုပါ

ပြောပြထားပါတယ်။ သူပြောပြထားတဲ့ အကြောင်းအရာတွေမှာ လောကကြီးက သင်ပေးတဲ့ သင်ခန်းစာတွေဖြစ်တဲ့ အရာရာမှာပြီးပြည့်စုံချင်တဲ့စိတ်ကို လက်လွှတ်တတ်ဖို့ရယ်၊ ခက်ခဲတဲ့အချိန်မှာ ချစ်ခင်ရသူတွေကို အကူအညီပေးတတ်ဖို့ရယ်၊ မသေချာခြင်းကို

လက်ခံတတ်ဖို့ရယ် ပါဝင်ပါတယ်။

✳️မယ်လင်ဒါရဲ့ ပုံရိပ်ဖြစ်တဲ့ နွေးထွေးမှု၊ ကျက်သရေရှိမှုတွေနဲ့ အတူ သူ့ဘဝမှာ အသိပညာကို လိုအပ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြထားပြီး မသေချာတဲ့ အခြေအနေတွေကနေတစ်ဆင့် ဘဝကို ဘယ်လို ‌ရှေ့ဆက်ရမလဲဆိုတာ

လမ်းညွှန်ထားပါတယ်။

ပြောင်းလဲခြင်းရဲ့အလွန်

================

ဘာသာပြန်သူ-မြတ်နေခြည်

စာမျက်နှာ-၁၀၈

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books