ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ(မောရိသျှ ဘာသာပြန်)
ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ
ရိုးရှင်းသလောက် အင်မတန်အရေးပါတဲ့ ဒီစာအုပ်လေးမှာ စာရေးသူ စတီဗင်ဘတ်ချလာက ဗုဒ္ဓဆိုတာဟာ ထူးခြားဆန်းကျယ်တဲ့ တန်ခိုးရှင် မှော်ရှင်လိုမျိုး အခွင့်ထူးခံ နာမည်ယူဖို့ ပေါ်ထွက်လာတဲ့ ပုဂ္ဂိုလ်မဟုတ် ကြောင်း ရှင်းလင်းထားပြီး၊ အသက်ရှင်မှုရဲ့ အခက်အခဲ အကျပ်အတည်း ဒုက္ခဆင်းရဲကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာနဲ့၊ ဒုက္ခဆင်းရဲတွေရဲ့ ဇာစ် မြစ်ကို သိနိုင်ဖို့ရော ဘဝနေရေး လမ်းစဉ်အမှန်ကို လျှောက်လှမ်းတတ် ဖို့ရာ တွေးခေါ် မျှော်မြင်ကျင့်ကြံအားထုတ်ဖို့အတွက် အဖြေထုတ်ပေးနိုင် ခဲ့တဲ့ လူသားတစ်ဦးတစ်ယောက်သာဖြစ်ကြောင်း အကြောင်းအချက် များစွာနဲ့ နှိုင်းယှဉ်ပြီး အနှစ်ချုပ် တင်ပြထားပါတယ်။
ဗုဒ္ဓဘာသာဆိုတာနဲ့ ဗုဒ္ဓဝါဒကျင့်စဉ်ဆိုတာက ယုံကြည်သက်ဝင် ထားမှ အလုပ်ဖြစ်နိုင်တာမျိုး မဟုတ်ဘဲ၊ အမှန်တော့ နေ့စဉ် လူနေမှု ဘဝနဲ့ ထင်ဟပ်မှုရှိတဲ့ အကျင့်အကြံတွေသာဖြစ်ကြောင်း၊ ဗုဒ္ဓဇော်ထုတ် လမ်းညွှန်ပေးထားတဲ့ လွတ်မြောက်ရာလမ်းစဉ်က ကိုယ့်မှာ သီးခြား ကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုတွေရှိနေပါစေ အလုပ်ဖြစ်တဲ့ လက်တွေ့ အမှန်တရားတွေဖြစ်ကြောင်း စောဒကများစွာနဲ့ တိတိပပ ဖြေရှင်းပြထား ပါတယ်။
========================
စာရေးသူ–မောရိသျှ မြန်မာဘာသာပြန်သည်
စာမျက်နှာ–167
-----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.