ENGLISH SPEAKING အတွက် နေ့စဉ်သုံး ဝါကျများ (ဒေါက်တာစိုးသန်း)
“ဒီစာအုပ်လေးရဲ့ ထူးခြားချက်နှစ်ခု”
ဒီ Speaking စာအုပ်လေးဟာ တခြားမြင်တွေ့ကြရတဲ့ Speaking စာအုပ်တွေလို သူများမူရင်းစာအုပ်ကို ဘာသာပြန်ထားတာ မဟုတ်ပါ။ Situational dialogues တွေကို ဘာသာပြန်ထားတာ မဟုတ်ပါ။ အင်္ဂလိပ်လို fluently သွက်လက်စွာ ပြောချင်တဲ့သူတွေ တစ်ခါတစ်ရံမှာ ခဲရာခဲဆစ်ဝါကျလေးတွေကို အချက်ကျကျ သုံးနိုင်အောင် စုစည်းပေးထားတဲ့ ကျွန်တော့်ရဲ့ ပင်ကိုရေး ဝါကျတွေပါ။
- နောက် ထူးခြားချက်တစ်ခုကတော့ ဒီဝါကျလေးတွေအတွက် အသံဖိုင် CD ထည့်ပေးထားခြင်း ဖြစ်ပါတယ်။ Native speakers - အမေရိကန်လူမျိုး ခြောက်ဦးရဲ့အသံကို အသုံးပြုထားတာ ဖြစ်လို့ အသံ ထွက်မှန်အောင် အသံအနိမ့်အမြင့်မှန်အောင်၊ pronunciation and intonation အတွက် များစွာ အထောက်အကူ ဖြစ်စေမှာပါ။ CD မှာ ဝါကျနံပါတ်လေးကို နှိပ်ပြီး ဝါကျတစ်ခုကို Native speaker ဖတ်ပြထား တာ၊“ပြောထားတာကို လိုက်နားထောင်၊ ကိုယ်လည်း ပြောကြည့်နဲ့ လေ့ ကျင့်ကြပါ။
အင်္ဂလိပ်လို သွက်လက်စွာ ပြောနိုင်ဖို့ ဒီစာအုပ်လေးက အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေနိုင်မှာပါ။ ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါ ဖတ်ပြီး လေ့ကျင့်ရင်းနဲ့ အလွတ်ရ၊ ကိုယ်ပိုင် ဝါကျများဖြစ်အောင် လေ့ကျင့်ကြပါလို့ တိုက်တွန်းပါရစေ။
ENGLISH SPEAKING အတွက်
နေ့စဉ်သုံးဝါကျများ
========================
စာရေးသူ–ဒေါက်တာစိုးသန်း
စာမျက်နှာ–124
-----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.