ဆီးချို၊အဝလွန်၊အသည်းအဆီဖုံး၊ နေထိုင်စားသောက်နည်း၁၀၀ (Dr.Yin)

Dr.Yin

ဆီးချို၊အဝလွန်၊အသည်းအဆီဖုံး၊ နေထိုင်စားသောက်နည်း၁၀၀ (Dr.Yin)

23000 MMK
Out of stock
Publisher
ISBN
Pages
237
Wishlist View cart

ယနေ့ခေတ်သည် ဆီးချို၊ အဝလွန်၊ အသည်းအဆီဖုံး၊ သွေးတွင်းအဆီ များရောဂါ တစ်ခုခုမရှိလျှင် ခေတ်မမီတော့ဟု ဆိုရလောက်အောင် ထိုရောဂါ များ တစ်ကမ္ဘာလုံးတွင် များပြားလာသည်။


ဤစာအုပ်သည် အထက်ပါရောဂါများကို ကာကွယ်နိုင်ရန်၊ လျှော့ချနိုင် ရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သူတိုင်း နားလည်သဘော ပေါက်စေရန် ရိုးရှင်းသော စကားလုံးများဖြင့် ရေးသားထားပါသည်။ စာအုပ်ပါအချက်အလက်များသည် ကမ္ဘာသုံးပြဋ္ဌာန်းစာအုပ်များ (text-books)၊ ဆီးချိုနှင့် အဝလွန် အဖွဲ့အစည်းများ၊ ခိုင်မာသော websites များ၊ ဂျာနယ်များကို ကိုးကားရေးသားထားသည်။ ဤစာအုပ်ပါ အစားအသောက်၊ အနေအထိုင်၊ အပြုအမူ၊ လေ့ကျင့်ခန်း များသည် ဆီးချို၊ အဝလွန်၊ အသည်းအဆီဖုံးရှိသူများအတွက်သာမက ကြိုတင် ကာကွယ်လိုသူများ၊ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ ပြောင်းချင်သူ များအတွက်ပါ များစွာအထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။


ဤစာအုပ်ကို ကုသမှု၊ ကုထုံးအဖြစ် မိမိသဘောအရ မသုံးရပါ။ ကျွမ်း ကျင်သော ပညာရှင်များနှင့် တိုင်ပင်ရမည်။


သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။


ဆီးချို၊အဝလွန်၊အသည်းအဆီဖုံး၊

နေထိုင်စားသောက်နည်း၁၀၀

~~~~~~~~~~~~~

စာရေးသူ-Dr.Yin

စာမျက်နှာ-၂၃၇

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.