အကောင်းဆုံး ကြိုးစားပြလိုက်ပါ (လူသာ)

လူသာ(အတွေးအမြင်)

အကောင်းဆုံး ကြိုးစားပြလိုက်ပါ (လူသာ)

12000 MMK
Out of stock
Publisher
စာရိပ်မြိုင်
ISBN
Pages
Wishlist View cart

🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင် အထောက်အကူပြုရုံ ရည်ရွယ်ချက်နဲ့ အတွေးအမြင်စုစည်းထားချက် စာအုပ်လေးသာဖြစ်ပါတယ်။


🪔 ဘဝရုန်းကန်ရှင်သန်ရေးအတွက် အသိလှည့်ထားရင်းကနေ ပျောက်ဆုံးသလို ဖြစ်သွားတဲ့ အသိတရားလေးတွေ ခေါင်းထဲ ပြန်ရောက်လာအောင် စေ့ဆော်ပေးရုံမျှ အကူအညီဖြစ်ရေး ရေးထားတဲ့ စာအုပ်လေးရယ်ပါ။


🪔 ဒီစာအုပ်လေးကို အစကနေ အဆုံး ဖတ်စရာ မလိုပါဘူး။ စိတ်ရှိတိုင်း ကြိုက်တဲ့ စာမျက်နှာ ကောက်လှန်ပြီး ဖတ်ချင် ဖတ်လို့ ရပါတယ်။ တကြောင်းဖတ်ဖတ်၊ တမျက်နှာဖတ်ဖတ်၊ တပိုင်းဖတ်ဖတ် ဘယ်လောက်ပဲ ဖတ်ဖတ်၊ သတိမေ့သလိုဖြစ်နေခဲ့သမျှ အသိစ အတွေးစလေးတွေ ပြန်ဆွဲယူနိုင်သွားရင်ပဲ ရပါတယ်။


🪔 အများကြီး ဖတ်စရာ မလိုပါဘူး။ တထိုင်တည်း တအုပ်လုံး ဖတ်လိုက်စရာ မလိုပါဘူး။ နည်းနည်းလောက်ဖတ်ပြီး အတွေးနယ်ချဲ့သွားလို့ ရလောက်တဲ့ အတွေးစလေးတခု ရသွားရင်ပဲ ရပါတယ်။


🪔 တရက်တည်း အကုန်ဖတ်ပြီး တထိုင်တည်း တွေးနေစရာ မလိုပါဘူး။ ခနလောက်ဖတ်၊ အချိန်ရသလောက် ပြန်တွေး။ ပြီးရင် စာအုပ်ကို ခနလောက် ပြန်သိမ်းထားလိုက်ပါ၊နောက်တနေ့ကျမှဖတ်ချင်ရင်ပြန်ဖတ်ပြီး

ခနနား ပြန်တွေး

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books