အဖေ့ဆီကအိမ်မက်များ (ရွှေအိုလတ်)

ရွှေအိုလတ်

အဖေ့ဆီကအိမ်မက်များ (ရွှေအိုလတ်)

40000 MMK
Out of stock
Publisher
ISBN
Pages
495
Wishlist View cart

ဤစာအုပ်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး လူမည်းသမ္မတ ဘားရက် ဟူစိန် အိုဘားမား စတင်မွေးဖွားချိန်မှ အသက် ၂၇ နှစ်အရွယ် ၁၉၈၈ ခုနှစ် ကင်ညာနိုင်ငံသို့ ပထမ ဆုံး ရောက်ရှိချိန်၊ အထူးသဖြင့် သမ္မတအဖြစ်တက်လှမ်းခဲ့ရာ လှေကားထစ်၏အစပိုင်း ဟားဗတ်ဥပဒေကျောင်း တက်ရမည့်အချိန်အထိ သူ၏ဘဝကို ဖော်ပြထားသည်။ နိဂုံးအဖြစ် သူ့ဘဝကြင်ဖော် မီရှဲလ်နှင့် လက်ထပ်ချိန်၊ ၁၉၉၂ ခုနှစ်၌ အဆုံးသတ်ထားသည်။

ဤစာအုပ်၌ “ဇာတိပုည၊ ချီကာဂိုတွင်နှင့် ကင်ညာတွင်' ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းဖော်ပြ ထားပြီး ၁၉၉၂ ခုနှစ် နှစ်လယ်ပိုင်းက ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ထိုအချိန်မှာ သူသည် ဟားဗတ်ဥပဒေကျောင်းမှ ဒုတိယဘွဲ့ကို ရရှိခဲ့ပြီး စည်းရုံးရေးမှူးဘဝမှသည် နိုင်ငံရေးနယ်သို့ ခြေလှမ်းစတင်ခဲ့ချိန် ဖြစ်သည်။ ဤစာအုပ်သည် ၂၀၀၄ ခုနှစ်တွင် ပြန်လည် တည်းဖြတ် ထုတ်ဝေသောစာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

ဤစာအုပ်တွင် လူမှုအဖွဲ့အစည်း၊ ပရဟိတ၊ လူထုအသိုင်းအဝိုင်းနှင့် ချိတ်ဆက်လျက် အသက် မွေးဝမ်းကျောင်းပြုသူများ၊ အင်န်ဂျီအို ပရော်ဖက်ရှင်နယ်များ၊ စည်းရုံးရေးသမားများ၊ နိုင်ငံရေး စိတ်ဝင်စားသူများအတွက် ဒီမိုကရေစီ မူဘောင်အတွင်းမှ စည်းရုံးရေးဆိုင်ရာ လုပ်နည်းလုပ် ဟန်များ၊ အကျအတက်များ၊ အတွန်းအတိုက်များ၊ အတိုးအဝှေ့များ၊ အတင်အချများကို ဖတ်ရှု ရပါမည်။

“အဖေ့ဆီက အိပ်မက်များ”စာအုပ်တွင် ဖော်ပြပါရှိသော အရပ်ဒေသများ၊ ဥပဒေများ၊ အစိုးရ အဖွဲ့အစည်းများ၊ စီမံချက်နှင့် လုပ်ငန်းများ၊ အသင်းအဖွဲ့များနှင့် ပါဝင်သောလူပုဂ္ဂိုလ်များ၏ အမည်နာမများသည် မြန်မာတို့နှင့် မနီးစပ်သဖြင့် မူရင်းစာအုပ်တွင် မပါသော်လည်း သက် ဆိုင်ရာဝေါဟာရများ၊ လူအမည်များ၊ ဆိုင်ရာဒေသများနှင့် မျိုးရိုးတော်စပ်ပုံများကို အခန်း တစ်ခန်းချင်းအလိုက် ဖွင့်ဆိုရှင်းပြထားပါသည်။

အဖေ့ဆီကအိမ်မက်များ

==============

စာမျက်နှာ-496

ရွှေအိုလတ်(မြန်မာပြန်ဆိုသည်)

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.