Embedded C Programming with PIC16F887 Volume -2 (Yan Lin)
Embedded C Programming with PIC16F887 Volume -2
==============
ယခုစာအုပ်တွင် PIC ၏ IO Pin များအသုံးပြုခြင်းအပြင် PIC တွင်ပါဝင်သော Internal module များဖြစ်သော interrupt စနစ်များ၊ timer များနှင့် Analog module များ အကြောင်းကို လေ့လာကြရမည်ဖြစ်သည်။ ထို့သို့ Internal module များကိုလေ့လာကြ ရမည်ဖြစ်သောကြောင့် အပိုင်း (၁)ကထက်ပို၍ Control Register များဖြင့် ပိုမိုထိတွေ့ အသုံးပြုရမည်ဖြစ်သည်။ ထို့ကြောင့်လည်း စာအုပ်၏အစတွင် Control Register များကို မည်သို့ဖတ်ရှုနားလည်ရမည်ကို စတင်လေ့လာရမည်ဖြစ်သည်။ PIC ၏ Internal module များကို ပိုမိုလေ့လာရမည်ဖြစ်သော်လည်း ကျွန်တော်အပိုင်း(၁)တွင် ပြောခဲ့သည့်အတိုင်း IO Pin များဖြင့် ပြုလုပ်နိုင်သော Application များမှာများစွာကျယ်ပြန့်ပေသည်။ IO Pin များကိုသာ အသုံးချသော Project တစ်ခုကိုလည်း ထပ်ဆောင်းဖော်ပြထားပါသည်။
အခန်း(၁) တွင် ယခုစာအုပ်ပါသင်ခန်းစာများကို ကောင်းစွာလေ့လာနိုင်စေရန် အခြေခံများကိုရေးသားထားပြီး အခန်း(၂)၊ (၃) တွင် Internal module များကိုလေ့လာကြရမည်။ ထို့နောက် အခန်း (၄)တွင် လေ့လာခဲ့ပြီးသော သင်ခန်းစာများကိုအသုံးပြု၍ လေ့ကျင့်ခန်း Project များတည်ဆောက်ခြင်းကို လေ့လာကြရမည်ဖြစ်ပါသည်။ အခန်း - (၃)တွင်လည်း လေ့ကျင့်ခန်း Project တစ်ခုစီထည့်သွင်းရေးသားပေးထားပါသည်။ Embedded C Programming သင်ခန်းစာများကို အပိုင်းများခွဲ၍ ရေးသားရခြင်းဖြစ်သောကြောင့် ယခုသင်ခန်းစာများကို ကောင်းစွာနားလည်စေရန် အပိုင်း(၁) ရှိ အခြေခံ သင်ခန်းစာများဖြင့် ဆက်စပ်လေ့လာရမည်ဖြစ်ပါသည်။
မာတိကာကို.commentတွင်ဖော်ပြထားသည်။
========================
စာရေးသူ–YAN LIN (M.E)
စာမျက်နှာ–165
-----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.