ဖရန်ကင်စတိန် (ကျော်လှိုင်ဦး)
ဖရန်ကင်စတိန် ဆိုသည်မှာ ဝတ္ထုပါ အဓိကဇာတ်ဆောင် သိပ္ပံပညာရှင် လူငယ်၏ အမည် ဖြစ်သည်။
ထိုလူငယ်သည် အမည်မရှိ သက်ရှိ သတ္တဝါကြီးတစ်ကောင်ကို ဖန်တီးလိုက်ခြင်းဖြင့် ထိုသတ္တဝါကြီး၏ အဖျက်လုပ်ငန်းများကြောင့် ညီ၊ အိမ်ဖော်မိန်းကလေး၊ ချစ်သူနှင့် သူငယ်ချင်းတို့ အသက်ဆုံးရှုံးကြရသည့်အပြင် မိမိကိုယ်တိုင်လည်း ဒုက္ခမျိုးစုံကို ရင်ဆိုင်ရပါလေတော့သည်။
နောက်ဆုံး၌ ထိုဇာတ်ဆောင်သည် မိမိ ဖန်တီးခဲ့မိသော သတ္တဝါကြီးကို ချေမှုန်းရန် လိုက်လံရှာဖွေရင်း အသက်ဆုံးခဲ့ရပါလေ၏။ ဤသည်ကို အကြောင်းပြု၍ အဓိကဇာတ်ဆောင်၏ အမည်ကိုပင် ဝတ္ထုအမည် ပေးခဲ့ခြင်း ဖြစ်၏။
ဖရန်ကင်စတိန် ဝတ္ထုသည် မေရီရှယ်လီ ရေးသမျှသော ဝတ္ထုများတွင် အထင်ရှားဆုံး ဖြစ်သည်။ ၁၈၁၆ တွင် စတင် ရေးသားခဲ့သော ထိုဝတ္ထုကို ၁၈၁၈ တွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့၏။ ဝတ္ထု ထုတ်ဝေသော ၁၉ ရာစု အတွင်းတွင် ၁၈၁၈ ပုံနှိပ်မူ အပါအဝင် သုံးကြိမ်တိတိ ပုံနှိပ်ထုတ်ဝေခဲ့ရ၏။
📓ဖရန်ကင်စတိန်
✍ကျော်လှိုင်ဦး(ဘာသာပြန်)
စာမျက်နှာ-၂၆၄
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.