စိတ်ပညာ အထွေထွေဆောင်းပါးများပေါင်းချုပ် (ဒေါက်တာကျော်စိန်)

ဒေါက်တာကျော်စိန်

စိတ်ပညာ အထွေထွေဆောင်းပါးများပေါင်းချုပ် (ဒေါက်တာကျော်စိန်)

22000 MMK
ကြိုတင်မှာယူ

စာအုပ် Stock မရှိသေးပါ။ အနည်းဆုံး ၃ ရက်ခန့် စောင့်ရနိုင်သည်။

Publisher
—
ISBN
—
Pages
636
Wishlist View cart

“စိတ်ပညာ”ဟူသော စကားမှာ စိတ်နှင့်ပညာကို ပေါင်းထား သည်ဖြစ်ရာ “စိတ်”အကြောင်းကို “ပညာသားပါပါ” လေ့လာခြင်းဟု ဆိုချင်၏။ ဤနေရာ၌ ‘ပညာသားပါပါ”ဟူသည်ကား “သိပ္ပံနည်းကျကျ’ (ဝါ) ‘ဓမ္မဓိဋ္ဌာန်ကျကျ”ဟု ဆိုလိုပေ၏။ သို့သော် စိတ်ကို မည်သို့ သိပ္ပံ နည်းကျကျ လေ့လာမည်နည်း။ စိတ်ဆိုသည်ကား အကောင်အထည် ဒြပ်မရှိပေ။ ဓာတုဗေဒဆရာတစ်ယောက်သည် ဒြပ်စင်၊ ဒြပ်ပေါင်း အမျိုးမျိုးကို ဖန်ပြွန်ချောင်းထဲသွင်းကာ လေ့လာသကဲ့သို့ လည်းကောင်း၊ ရူပဗေဒ ဆရာတစ်ဦးသည် ရုပ်ဝတ္ထုပစ္စည်း အမျိုးမျိုး၏ ပြောင်းလဲပုံကို တိုင်းတာလေ့လာသကဲ့သို့ လည်းကောင်း စိတ်ပညာဆရာတစ်ဦးအဖို့မူ စိတ်ကို ဖန်ပေါင်းချောင်ထဲထည့်ကာ လေ့လာ၍မဖြစ်နိုင်ပေ။


ယင်းသို့ဖြစ်လျှင် စိတ်ပညာရှင်တို့ မည်သည်ကို လေ့လာကြ ပါသနည်း။ “စိတ်နှင့်ရုပ်တို့၏ အပြန်အလှန်ဆက်နွှယ်မှု”၊ “ပင်ကိုဗီဇ နှင့် ပတ်ဝန်းကျင်လှုံ့ဆော်မှုတို့၏ အပြန်အလှန်ဆက်ဆံမှုတို့ကြောင့် ဖြစ်ပေါ်သော အပြုအမူကို လေ့လာကြကုန်၏”ဟု ဖြေရပေလိမ့်မည်။


📖စိတ်ပညာ

အထွေထွေဆောင်းပါးများပေါင်းချုပ်

✍ဒေါက်တာကျော်စိန်

စာ-၆၃၆

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books