စိတ်ပညာသမိုင်းကျမ်း(ဒေါက်တာကျော်စိန်)

ဒေါက်တာကျော်စိန်

စိတ်ပညာသမိုင်းကျမ်း(ဒေါက်တာကျော်စိန်)

13000 MMK
Backorder

This book is not in stock yet. Delivery may take about 3 days.

Publisher
—
ISBN
—
Pages
287
Wishlist View cart

"စိတ်ပညာ၏ အတိတ်သည် ကာလရှည်ကြာသလောက်၊ စိတ်ပညာသမိုင်းကမူ တိုတောင်းလှသည်” ဟု စိတ်ပညာ သမိုင်းဆရာ ဘိုးရင်းက ဆိုခဲ့ပေသည်။ ယင်းကဲ့သို့ဆိုရခြင်းမှာ ရှေးဂရိခေတ် ဒဿနိကပညာရှင်များ ဖြစ်ကြသော အရစ္စတိုတယ်၊ ဆိုကရေးတီး၊ ပလေတို၊ စသော ပညာရှင်များကိုယ်တိုင် “စိတ်” အကြောင်းကို စိတ်ဝင်စားကြသော်လည်း “စိတ်” အကြောင်းကို စနစ်တကျလေ့လာမှုမှာမူ (၁၉) ရာစုနှစ်၏ အစပိုင်းလောက်တွင်မှ င်းလောက်တွင်မှ ပေါ်ထွန်းလာသောကြောင့် ဖြစ်ပေသည်။ ယခုအခါတွင် ကျွန်တော်သည် ယင်းစိတ်ပညာသမိုင်းကို မြန်မာဘာသာဖြင့် ကြိုးပမ်းအားထုတ်၍ ရေးသား ပြုစုခဲ့ပေပြီ။

ဤကျမ်းကို ပြုစုရာ၌ စိတ်ပညာရှင်တို့အကြောင်းကိုလည်း သိစေချင်သည်။ ထိုသူတို့ ပြုစုခဲ့သော ကျမ်းများကိုလည်း ရိပ်စားမိစေချင်သည်။ ထိုသူတို့ တင်ပြခဲ့သော အယူအဆ၊ သီအိုရီတို့၏ အတိမ်အနက်ကိုလည်း ခန့်မှန်းမိစေချင်သည်။ ထိုသူတို့ ပြုလုပ်ခဲ့သော စမ်းသပ်မှုများ၏ လေးနက်မှု၊ အရေးပါမှုကိုလည်း သတိပြုစေချင်သည်။ ယင်းအယူအဆ၊ သီအိုရီနှင့် စမ်းသပ်မှုများက လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးမှု၊ အကျိုးသက်ရောက်မှု၏ အတိုင်းအတာပမာဏကိုလည်း အကဲဖြ

စေချင်သည်။ ထိုသူတို့၏ သီအိုရီများ အောင်မြင်ပုံ၊ ဆုံးရှုံးပုံတို့ကိုလည်း သံဝေဂတင်စေချင်သည်ဟုဖြစ်ပါသည်။


Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.