How To Love Trouble (Mon Halsey)

Mon Halsey

How To Love Trouble (Mon Halsey)

17000 MMK
Out of stock
Publisher
ISBN
Pages
214
Wishlist View cart

ဒုက္ခကိုဘယ်လိုချစ်မလဲ။ HOW TO LOVE TROUBLE ဆိုတဲ့ စာအုပ်ဟာ ဘဝရဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲမှုဒုက္ခတွေကို ရှောင်ရှားနည်းစာအုပ် မဟုတ်ပါဘူး။ အရာအားလုံးကိုအကောင်းမြင်လိုက်ဖို့ Spiritual Bypassing လုပ်ထားတဲ့ စာအုပ်လည်းမဟုတ်ဘူး။


ဘဝမှာ မလွဲဧကန်ကြုံတွေ့ရမယ့်ဒုက္ခတွေနဲ့ မိမိရဲ့ဆက်ဆံမှုကို ပြောင်းလဲဖို့အကြောင်း ရေးသားထားတဲ့ စာအုပ်သာဖြစ်ပါတယ်။ သက်သောင့်သက်သာနဲ့ ပြီးပြည့်စုံမှုတွေကိုသာအလေးထားတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ ဒီစာအုပ်က ဒုက္ခတွေကိုချစ်တတ်ဖို့ ပြောပြလိုက်တဲ့ စွန့်စားမှုတစ်ခု၊ ရဲရင့်မှုတစ်ခုပါ။


ဆုံးရှုံးမှုတွေ၊ စွန့်လွှတ်ခွဲခွာရမှုတွေ၊ ပဋိပက္ခ သံသယတွေ၊ မရေရာမှုတွေကို ဖြတ်ကျော်နိုင်ဖို့ ဒီစာအုပ်ကလေးဟာ အတူရှိနေပေးပါလိမ့်မယ်။


ဒုက္ခတွေကနေ ထွက်ပြေးဖို့၊ ဒုက္ခတွေမလာအောင် တားဆီးထားဖို့မဟုတ်ဘဲ ဒုက္ခကိုစူးစမ်းတဲ့စိတ်၊ ရဲရင့်တဲ့စိတ်၊ ကျေးဇူးတရား၊ သတိပညာတို့နဲ့ ရင်ဆိုင်ထွေးပွေ့တတ်ဖို့ပါ။ နေ့စဉ်ကြုံဆုံနေရတဲ့ စိတ်မကျေနပ်စရာ အသေးအဖွဲလေးတွေကနေစလို့ ဘဝကို ပြောင်းလဲသွားစေတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုဒုက္ခကြီးတွေအထိ ထဲထဲဝင်ဝင်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။


နေ့စဉ်ဘဝမှာ အသုံးချစရာ လေ့ကျင့်ခန်းတွေ၊ သင်ယူမှတ်သားစရာ ပုံပြင်ဇာတ်လမ်းတွေ အထူးသဖြင့် စာရေးသူရဲ့ တန်ဖိုးရှိလှတဲ့ ဘဝအတွေ့အကြုံနဲ့တွေးခေါ်မှုတွေ ပါဝင်ပါတယ်။ လူ့လောကရဲ့နာကျင်စရာ ဒုက္ခတွေကို ရိုးသားမှုအပြည့်နဲ့ ရေးသားထားတဲ့ ဒီစာအုပ်ဟာ ဘဝရဲ့ အစဉ်မပြတ်တောင်းဆိုမှုတွေကြောင့် စိတ်ဖိစီးနေသူ၊ ပင်ပန်းနွမ်းနယ်နေသူ၊ ကွဲအက်ကြေမွနေသူတိုင်းအတွက် မိတ်ဆွေတစ်ယောက်လိုဖြစ်လာပါလိမ့်မယ်။


အဆင်ပြေနေတယ်လို့ ဟန်ဆောင်ပြောပြရမှာ ပင်ပန်းနေပြီလား။ နာကျင်မှုတွေကနေ ထွက်ပြေးနေတာကိုရပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ ဘဝရဲ့ဒုက္ခတွေ၊ အခက်အခဲတွေ၊ ရုန်းကန်မှုတွေဟာ မြင့်မားတဲ့အသိပညာတစ်ခုဆီ ခေါ်ဆောင်သွားနေပြီလို့ ခံစားနေမိလား။


ဒါဆိုရင် ဒီစာအုပ်ဟာ သင့်အတွက်ပါ။


========================

စာရေးသူ–Mon Halsey

စာမျက်နှာ–214

------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.