ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း (နိုရာ)

နိုရာ

ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း (နိုရာ)

11000 MMK
Out of stock
Publisher
စာရိပ်မြိုင်
ISBN
Pages
176
Wishlist View cart

💰 တကယ်တော့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုတာ ကျွန်မတို့ ထင်သလောက် မခက်ခဲပါဘူး။ အထူးသဖြင့် ကလေးလေးတွေ မွေးကင်းစကနေ ငါးနှစ်အတွင်းမှာ စတင်နိုင်ဖို့က အရေးကြီးဆုံးဖြစ်ပြီး ဒါကို ဘယ်လို အလွယ်ကူဆုံး လုပ်ဆောင်ရမလဲဆိုတာ ဒီစာအုပ်က လမ်းပြပေးမှာပါ။


💰 ဒီစာအုပ်ရဲ့ မူရင်းရေးသားသူက ငွေကြေးဆိုင်ရာ အကြံပေးပညာရှင်တစ်ယောက်ဖြစ်သလို ကလေးနှစ်ယောက်ရဲ့ မိခင်လဲ ဖြစ်လို့ မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့်လဲ ရှုပ်ထွေးတဲ့ နည်းပညာစကားလုံးတွေအစား ရိုးရှင်းပြီး နွေးထွေးတဲ့ လမ်းညွှန်ချက်တွေနဲ့ပဲ ရေးသားထားတာပါ။


💰 ကိုယ့်မှာ ငွေအများကြီး မရှိသေးရင်တောင် ရှိတဲ့ ပမာဏလေးနဲ့ ဘယ်လို စတင်ရမလဲ၊ အသက် ၅ နှစ်အောက် ကလေးတွေအတွက် ဘယ်လို အကောင့်အမျိုးအစားတွေကို ရွေးချယ်ရမလဲဆိုတာကအစ အသေးစိတ် ပါဝင်ပါတယ်။


💰 ဒါတင်မကသေးဘဲ မိသားစုအတွက် ငွေကြေးဆိုင်ရာ လုံခြုံမှု ဘယ်လို တည်ဆောက်မလဲဆိုတဲ့ နည်းလမ်းတွေနဲ့အတူ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို ငွေကြေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်ကောင်းတွေ ဘယ်လို သင်ပေးရမလဲဆိုတာကိုပါ လေ့လာနိုင်မှာပါ။


💰 ဒီစာအုပ်ဟာ နိုင်ငံတကာ ငွေကြေးဆိုင်ရာ စံနှုန်းတွေနဲ့အညီ ရေးသားထားတာဖြစ်လို့ ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။


💰 တကယ်တော့ ကျွန်မတို့ မိဘတွေအနေနဲ့ အရာရာကို ပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ မလိုပါဘူး။ ခိုင်မာတဲ့ အစီအစဉ်တစ်ခု ရှိနေဖို့ပဲ လိုတာပါ။ အခုအချိန်မှာ ချလိုက်တဲ့ ငွေကြေးမျိုးစေ့လေးတွေဟာ နောက်ပိုင်းမှာ သင့်ကလေးအတွက် တစ်သက်တာလုံး အားကိုးရမယ့် သစ်ပင်ကြီးတွေ ဖြစ်လာမှာပါ။


💰 သင့်ကလေးရဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းပြမြေပုံတစ်ခုကို အခုပဲ စတင် တည်ဆောက်ကြည့်စေချင်ပါတယ်။ သင်ယူရတာ နောက်ကျသွားပြီလို့ နောင်တမရစေဖို့အတွက် ဒီစာအုပ်ကို အခုပဲ ဝယ်ယူဖတ်ရှုပြီး ယုံကြည်ချက်ရှိရှိနဲ့ ရင်းနှီးမြှုပ်နှံလိုက်ပါတော့ရှင်။


📓 ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း

✍️ စာရေးသူ -နိုရာ

စာမျက်နှာ ၁၇၆

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books