လူတိုင်းအတွက်ဥပဒေ (အိမ်းထက်မွန်)
❝ ဥပဒေရဲ့ရည်ရွယ်ချက်
ပန်းတိုင်ဟာ
လူတွေကို ချုပ်ချယ်ဖို့ မဟုတ်၊
လွတ်လပ်ခွင့်ကို
ထိန်းသိမ်းပေးဖို့နဲ့
ချဲ့ထွင်ပေးဖို့သာ ဖြစ်ပါတယ်❞
• ဥပဒေကို အကာအကွယ်ပေးတဲ့ အရာလို့ မမြင်ကြတော့ပါဘူး။ ဥပဒေဆိုတာ တားမြစ်တဲ့အရာ၊ တင်းကျပ်တဲ့အရာအဖြစ် ရှုမြင်လာကြပါတယ်။ “ဥပဒေဆိုတာ ဘာလဲ” ကို သေသေချာချာ မသိရခင်မှာပဲ ဥပဒေကို အထင်မှား၊ အမြင်မှား ဖြစ်လာခဲ့ကြပါတယ်။ ဆေးဆရာကို မြင်လိုက်တာနဲ့ ဆေးခါးကြီးတိုက်တဲ့သူအဖြစ် ထင်မှတ်လာသလိုပါပဲ။ အကျိုးဆက်အနေနဲ့ ဥပဒေဆိုတာ ပုဒ်ထီးပုဒ်မ ပြဿနာ၊ တရားသူကြီးတွေ၊ ရှေ့နေတွေရဲ့ အလုပ်၊ ငါတို့နဲ့ မဆိုင်၊ ဥပဒေနဲ့ ဝေးလေ ကောင်းလေ စသဖြင့် ထင်မြင်နားလည်လာခဲ့ကြပါတော့တယ်။
• နိုင်ငံတကာမှာတော့ အဲ့ဒီလို အထင်မှား၊ အမြင်မှားတွေ မဖြစ်စေဖို့၊ ပညာရပ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ သိရှိနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းကြတာမျိုးတွေ ရှိကြပါတယ်။ ကျောင်းသားကျောင်းသူတွေ၊ ဘာသာရပ်တစ်ခုကို စတင်လေ့လာချင်သူတွေ၊ အများပြည်သူတွေအတွက် ရည်ရွယ်ပြီး စာအုပ်၊ စာတမ်းတွေ ထုတ်ဝေကြပါတယ်။
• ဒီလိုအခြေအနေတွေကြောင့် ဒီစာအုပ်ကလေး ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုစာဖတ်သူ ဖတ်ရှုရမယ့် စာအုပ်ဟာ Usborne တိုက်ထုတ် (Law for Beginners) စာအုပ်ကို မှီငြမ်းရေးသားထားတာ ဖြစ်ပါတယ်။ ဒီဥပဒေ စာအုပ်ထဲမှာ ပုဒ်ထီး၊ ပုဒ်မတွေ ထည့်သွင်းမထားပါဘူး။ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ၊ အမှုအခင်းလေးတွေအကြောင်းကိုသာ တင်ပြထားတာဖြစ်ပါတယ်။
📓လူတိုင်းအတွက်ဥပဒေ
✍️အိမ်းထက်မွန်
စာမျက်နှာ-368
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.