ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး (ဖေမြင့်)

ဖေမြင့်

ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး (ဖေမြင့်)

9000 MMK
Out of stock
Publisher
ISBN
Pages
276
Wishlist View cart

ယခုစာအုပ်သည် ခေါင်းဆောင်ဖြစ်လာသူတို့မှာ ရှိတတ်သည့် ထူးခြားသောအခြင်းအရာများအကြောင်း ရှင်းလင်းပီပြင်အောင် ထုတ်ဖော်တင်ပြသွားမည့်စာအုပ် ဖြစ်သည်။


လုပ်ငန်းကျွမ်းကျင်ရုံ၊ စီမံခန့်ခွဲရေးနည်းနာတွေ တတ်ကျွမ်းရုံ ဖြင့် လုပ်ငန်းတစ်ခု၌ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်ပါ။ ဝီရိယကောင်းသော စီမံခန့်ခွဲရေးသမား အများအပြားပင် မန်နေဂျာ ဟူသော ရာထူးမျှနှင့်သာ ကျေနပ်ကြရသည်။ “ခေါင်းဆောင်” ဟူ၍ အသိအမှတ်ပြုခံရသောအဆင့်သို့ သူတို့ မရောက်ရှိကြ။


စီမံခန့်ခွဲရေးဆိုင်ရာ သဘောတရားများ၊ နည်းနာများသည် အချည်းနှီး အလဟဿဟု မဆိုလိုပါ။ သူတို့မှာလည်း သူတို့တန်ဖိုး နှင့်သူတို့ရှိတာ လက်ခံပါသည်။ သို့သော် စီမံခန့်ခွဲရေးဂုရုများထံ နည်းနာခံခြင်း၊ လေ့ကျင့်သင်ကြားခြင်းများ ပြုလုပ်သည့်ကြားကပင် တစ်စုံတစ်ရာလိုနေသေးသလို၊ အရည်အချင်း မပြည့်စုံသေးသလို ဖြစ် နေတတ်ကြသည်။ လူတစ်ယောက်ကို စာရင်းကိုင်တစ်ယောက် ဖြစ် အောင်သော်လည်းကောင်း၊ စက်ဆရာတစ်ယောက် ဖြစ်အောင်သော်လည်းကောင်းသင်ကြားပေး၍သည်။


ခေါင်းဆောင်ကောင်းဖြစ်အောင်သော်ကားသင်ပြပေး၍မရသောသဘောပင်။



📗ခေါင်းဆောင်စိတ်ခေါင်းဆောင်အတွေး

✍ဖေမြင့်

စာ-၂၇၆

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.