မျှဝေလိုသောဥပဒေမှတ်စုများ (ရှေ့နေမောင်ချစ်ဖေ)
စာညွှန်း -
ဥပဒေသည် ကျယ်ပြန့်သည်။ ဥပဒေစာအုပ် (ပြဋ္ဌာန်းချက်) ကို ဖတ်ရုံမျှဖြင့် ဥပဒေကို သိရုံမျှသာရှိမည်။ စီရင်ထုံးများကို ဖတ်ရမည်။ မှတ်စုထုတ်၍ မှတ်သားရမည်။ ပညာရှိရှေ့နေကြီးများရေးသည့် စာအုပ်များကိုလည်း ဝယ်ယူစုဆောင်းရမည်။ ထွက်သမျှစာအုပ်ကို ဝယ်ရန်မသင့်ပါ။ မိမိစိတ်သန်သည့် တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာစာအုပ်များကို ဝယ်ယူသင့်သည်။ ဝယ်ယူရုံသက်သက်မျှသာ မဟုတ်ဘဲ ဖတ်ရမည်၊ မှတ်စုထုတ်ရမည်။ ထိုမှတ်စုသည် အကြောင်းတိုက်ဆိုင်လာသည့်အခါတွင် များစွာအထောက်အကူ ဖြစ်စေသည်။ ထို့ပြင် အင်တာနက်စာမျက်နှာများပေါ်တွင် ပညာရှိရှေ့နေကြီးများ၊ မိမိထက် စီနီယာကျသည့် ရှေ့နေများ၏ ရေးသားမျှဝေချက်များကိုလည်း လေ့လာသင့်သည်။ ထိုရေးသားချက်များကိုလည်း ဖတ်ရမည်။ မှတ်ရမည်။ ယခုတင်ပြချက်များသည် ဥပဒေပညာကို လေ့လာသင်ယူနေသည့် ရှေ့နေမောင်ချစ်ဖေ ကျင့်သုံးလိုက်နာနေသည့် လေ့လာရေးလမ်းညွှန် စည်းကမ်းများပင် ဖြစ်တော့သည်။
ဤစာအုပ်ဖြင့် တင်ပြသည့် စာစုများသည် မိမိလေ့လာခဲ့မိသည့် များစွာသော စီရင်ထုံးများအနက်မှ နေ့စဉ် လူနေမှုဘဝနှင့် နီးစပ်သောအချို့ကို ဥပဒေပညာနှင့် မရင်းနှီးကြသော သာမန်ပြည်သူများ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ရေးသားသည့်စာစုများ
ဖြစ်ပါသည်။
ဥပဒေ၏အနှစ်သာရသည် လူတို့၏ အပြုအမူကို ထိန်းကျောင်းရန်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားမျှတပြီး စည်းစနစ်ကျသည့် လူ့ဘောင်ကို
ဖန်းတီးတည်ဆောက်ပေးရန် ဖြစ်သည်။
မျှဝေလိုသောဥပဒေမှတ်စုများ
================
စာမျက်နှာ ၁၉၃
ရေးသူ-ရှေ့နေမောင်ချစ်ဖေ
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.