မြို့လုံးပတ်လည်အဂ်လိပ်စကားပြောကြမယ် (ဦးသန်းလွင်)
မြို့လုံးပတ်လည်အဂ်လိပ်စကားပြောကြမယ်
==========================
အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင်ပြောကြရအောင်
နေ့စဉ်တွေ့ကြုံနေရသော အခြေအနေအမျိုးမျိုးတို့တွင် သင်၏ ရည်ရွယ်ချက်၊ ဆိုလိုချက်တို့ကို ပြောပြနိုင်စေရန် မှန်ကန်သော နည်းလမ်းဖြင့် သင်ယူကြပါစို့။
Speak English Around Town မှ နေ့စဉ်သုံး အမေရိကန်-အင်္ဂလိပ်အီဒီယမ်များနှင့် စကားအသုံး အနှုန်း ၃ဝဝကျော်တို့ကို သင့်ထံ ယူဆောင်လာပါပြီ။
မြူးကြွလှုပ်ရှား၍ လက်တွေ့ကျသော စကားအချီအချ ပြောဆိုကြပုံများမှ နေ့စဉ်ဘဝ၏ လိုအပ်လှသော အသုံးအနှုန်း များကို သင်တို့ သင်ယူ လေ့လာနိုင်ကြပါသည်။
ဤစာအုပ်တွင် ဖော်ပြထားသော အသုံးအနှုန်းများကိုသင်တို့ USA တွင်သွားရောက် လည်ပတ်နေစဉ်တွင် မိတ်ဆွေ များနှင့်အတူ ဈေးဝယ်ထွက်သောအခါ၊ အပြင်ထွက် စားသောက်ကြသောအခါ၊ မိတ်ဆွေများနှင့် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံကြသောအခါများနှင့် နေ့စဉ် ဆောင်ရွက်ရမှု လုပ်ငန်းများစွာတို့အတွက် အသုံးပြုနိုင်ပါမည်။
ဤစာအုပ်သည် သင်တို့၏ ဝေါဟာရကြွယ်ဝမှုကို တိုးတက်စေရုံမျှမက စကားပြောရာတွင် တွေ့ကြုံရသော common mistakes မှားတတ်သော အမှားများကို မဖြစ်ပေါ်စေရန် ကူညီပါလိမ့်မည်။
အင်္ဂလိပ်စာ သင်ယူလေ့လာနေကြသောသူများအတွက် အခက်အခဲများကို ဖြစ်ပေါ်စေသော Structure နှင့် Grammar တို့ကို ပိုင်နိုင်ကျွမ်းကျင်စေရန်အတွက်ကိုလည်း သင်ခန်းစာအသီးသီးတွင် Special Language Lens ခေါ် ရှင်းလင်းချက်တို့ကိုလည်း ဖော်ပြပေးထားပါသည်။
အသံသွင်းထားသော CD အတူပါရှိသောကြောင့် တကယ့် အင်္ဂလိပ်လူမျိုးတို့၏ ပြောဆိုပုံတို့ကို ကြားရသဖြင့် သင်တို့၏ ပြောဟန်၊ ဆိုဟန် လေယူလေသိမ်း၊ အသံ အတက်အကျတို့ကိုပါ တိုးတက်စေမည်မှာ ဧကန် အမှန်ပင် ဖြစ်ပါတော့သည်။
---------------------------------------‐------------
စာရေးသူ-ဆရာဦးသန်းလွင်(HOW&WHY)
စာမျက်နှာ-388
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.