အာရုံကိုပိုင်မှဘဝခိုင်မယ် (ဒီပါ)
Focus ရှိလာတဲ့အခါ အလုပ်တွေ ပိုပြီး လေးနက်လာတယ်။ အချိန်ကို ပိုပြီး ထိရောက်စွာ သုံးနိုင်လာတယ်။ စိတ်က ပိုပြီး ငြိမ်လာတ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပါတယ်။ “ငါ တစ်ခုကို အဆုံးထိ လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်က ဘဝကို ပြောင်းလဲပေးတဲ့ စိတ်ဓာတ်ပါပဲ။
ဒါကြောင့် Focus ဆိုတာ အရည်အချင်း မဟုတ်ဘဲ ရွေးချယ်မှုရဲ့ ရလဒ်တစ်ခုဆိုတာ နားလည်ရပါမယ်။ နေ့စဉ် မိတ်ဆွေရဲ့ အာရုံကို ဘယ်နေရာမှာ ထားမလဲဆိုတာကို ကိုယ့်ဘာသာ တစ်ယောက်တည်း ဆုံးဖြတ်ရပါတယ်။ Talent မရှိလို့ Focus မရတာ မဟုတ်ပါဘူး။ လေ့ကျင့်မှု မရှိလို့ Focus မရတာပါ။ ဒီနေ့က စပြီး အလုပ်တစ်ခုတည်းကို အချိန်နည်းနည်းစီ ပိုပိုပေးပြီး တိတ်တဆိတ် ဆက်လုပ်ကြည့်ပါ။
Focus က မိတ်ဆွေကို မရွေးပါဘူး။ မိတ်ဆွေကသာ Focus ကို ရွေးရတာပါ...
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.