ပင်ပန်းမှုတွေကြားမှာရင့်ကျက်စွာရှင်သန်ခြင်း(ချမ်းမင်းခန့်)

ချမ်းမင်းခန့်

ပင်ပန်းမှုတွေကြားမှာရင့်ကျက်စွာရှင်သန်ခြင်း(ချမ်းမင်းခန့်)

8000 MMK
Out of stock
Publisher
မိုးကောင်းမြေ
ISBN
Pages
110
Wishlist View cart

ကျွန်တော့်ရဲ့တတိယမြောက်စာအုပ်ဖြစ်တဲ့ "ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း" ဆိုတဲ့စာအုပ်လေးက သင့်ရဲ့ ပြဿနာတွေကို ချက်ချင်းပျောက်ကွယ်သွားစေမယ့် စာအုပ်လေးတော့ မဟုတ်ပါဘူး။


ဒါပေမဲ့...


အခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင်၊ ကျရှုံးမှုတွေကြားမှာ ပြန်လည်ရပ်တည်နိုင်အောင်၊ ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေကို ပိုနားလည်ပြီး ရင့်ကျက်စွာ ဖြတ်သန်းနိုင်အောင် လမ်းပြပေးမယ့် စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။


တစ်ခါတလေ ဘဝကို ပြောင်းလဲပေးတာက ပြဿနာတွေ မရှိတော့ခြင်း မဟုတ်ပါဘူး။


ပြဿနာတွေကို ကြည့်တဲ့ ကိုယ့်ရဲ့အမြင် ပြောင်းလဲသွားခြင်းပါပဲ။


တကယ်တော့ ပင်ပန်းမှာကို ကြောက်ရမှာ မဟုတ်ပါဘူး၊ သက်သက်သာသာနေရင်း ဘဝက ခက်ခဲလာမှာကိုသာ ကြောက်ရမှာပါ။


သင် အခုတလော စိတ်ပင်ပန်းနေတယ်ဆိုရင်...


ဒီစာအုပ်က သင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။

တရားဟောမှာလည်း မဟုတ်ပါဘူး။


သင့်ဘေးမှာ ထိုင်ပြီး...


"ဆက်လျှောက်ပါ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး" လို့ တိတ်တိတ်လေး အားပေးနေမယ့် အဖော်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။



Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books