Single Mom အဖြစ် ရှင်သန်ခြင်း (မြတ်နေခြည် ဘာသာပြန်သည်)
👱♀️Single Mom အဖြစ် ရှင်သန်ခြင်း
✍️မြတ်နေခြည် ဘာသာပြန်သည်
✳️ဒီစာအုပ်ရဲ့ စာရေးသူ အမ်မာဂျွန်ဆင်ဟာ သူ့ရဲ့
အိမ်ထောင်ရေးကို အဆုံးသတ်လိုက်တဲ့ အချိန်မှာ
သူဟာ ကိုယ်ဝန်ရှိနေပြီး ဝင်ငွေမရှိသလို
လသားအရွယ် ကလေးတစ်ယောက်ကိုလဲ
ပျိုးထောင်နေရပါတယ်။
✳️သူဟာ Single Mom တစ်ယောက်အနေနဲ့ သူ့ဘဝကို ကောင်းကောင်းရပ်တည်စေနိုင်မဲ့ အကြံဉာဏ်တွေကို ရှာနေခဲ့ပေမဲ့ အနည်းငယ်ကိုသာရခဲ့ပါတယ်။ ဒါကြောင့် စာရေးသူက
သူနဲ့ ဘဝတူ အမျိုးသမီးတွေကို အကူအညီပေးချင်တဲ့အတွက် wealthysinglemommyဆိုတဲ့ Blog ကို ထောင်ခဲ့ပါတယ်။
✳️သူ့ရဲ့ဒီစာအုပ်မှာ အမ်မာက Single Mom တွေအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန်ချက်တွေကို ပေးထားပါတယ်။
အခြားသူတွေကြောင့်ဖြစ်ဖြစ်၊ ကိုယ်တိုင်ကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မဝံ့မရဲဖြစ်နေတဲ့ အမျိုးသမီးတွေကို
အာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင်၊ ပုံမှန်ဝင်ငွေ
လမ်းကြောင်းတစ်ခုရှာရင်း Single Mom တစ်ယောက်အနေနဲ့ ကိုယ့်ဘဝရဲ့ အဓိပွာယ်ကို ပြန်ရှာတွေ့နိုင်ဖို့
ကူညီနိုင်ပါလိမ့်မယ်။
✳️ဒီစာအုပ်မှာ Single Mom တွေကို
- ကိုယ့်စံနှုန်းနဲ့ ကိုယ့်ဘဝကိုယ်
ဘယ်လို တည်ဆောက်နိုင်မလဲ
- ကျန်းမာရေး၊ သူငယ်ချင်း၊ ဝါသနာ၊ ယုံကြည်မှုနဲ့
ခရီးသွားခြင်းတွေ အပေါ် ဘယ်လို အချိန်ပေးနိုင်မလဲ
- ပျော်ရွှင်၊ကျန်းမာတဲ့ အမေ၊ စံနမူနာကောင်းတစ်ယောက် ဖြစ်စေတဲ့အမေမျိုး ဘယ်လိုဖြစ်အောင်နေမလဲဆိုတဲ့
အချက်တွေအပြင် အမ်မာရဲ့ ဘဝမှာ
အတုယူစရာကောင်းတဲ့ ဇာတ်လမ်းတွေ၊
အခြား အောင်မြင်နေတဲ့ Single Mom တွေဆီက အထောက်အကူဖြစ်စေမဲ့အကြံဉာဏ်တွေပါဝင်ပါတယ်။
• စာမျက်နှာ - 104
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.