ချစ်တယ် ဖေဖေ (နေ့သစ်ရောင်ခြည်)

နေ့သစ်ရောင်ခြည်

ချစ်တယ် ဖေဖေ (နေ့သစ်ရောင်ခြည်)

8500 MMK
Out of stock
Publisher
မိုးကောင်းမြေ
ISBN
Pages
104
Wishlist View cart

📙- ချစ်တယ် ဖေဖေ

✍- နေ့သစ်ရောင်ခြည်

စာမျက်နှာ - 104


✅မိသားစုအတွက် အဖေ့ခန္ဓာကိုယ်က ကျလာတဲ့ ချွေးစက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်သလို တန်ဖိုးလည်း မမဲ့ပါဘူး။ အချို့ချွေးစက်တွေက စားဝတ်နေရေး၊ အချို့က ကျောင်းလခ၊ အချို့ကတော့ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ ချွေးစက်တစ်စက်ချင်းစီတိုင်းဟာ အဖေ့ရဲ့ နှုတ်ဆိတ်နေတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။


✅ မိမိကိုယ်တိုင် ဝတ်ကောင်းစားလှ ဝတ်ရဖို့ထက်၊ သားသမီးတွေရဲ့ ပခုံးပေါ်မှာ ကျောင်းလွယ်အိတ်လေးနဲ့၊ ခြေထောက်မှာ ဖိနပ်အလှလေး ရှိနေစေဖို့က အဖေတိုင်းရဲ့ ပထမဆုံးဆန္ဒပါ။


✅ အဖေ့မေတ္တာကို သိချင်ရင် အဖေ့မျက်နှာကို မကြည့်ပါနဲ့။ ကြမ်းတမ်းနေတဲ့ လက်ဖဝါး၊ ကွဲအက်နေတဲ့ ခြေဖနောင့်နဲ့ အသားမာတက်နေတဲ့ ပခုံးတွေကိုသာ ကြည့်ပါ။


✅ အဖေဆိုတာ သားသမီးရဲ့ အနာဂတ်အတွက် အချိန်နဲ့ ချွေးစက်တွေကို ရင်းပြီး ပေးဆပ်နေတဲ့ လူသားတစ်ယောက်ပါ။


✅ အဖေ့ရဲ့ချွေးစက်တွေသာ ဆေးစက်တွေ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ အလှဆုံး ပန်းချီကားက အဖေဖြစ်မှာ သေချာပါတယ်။


ထုတ်ပြောလေ့မရှိတဲ့ ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတွေကို ဒီစာအုပ်လေးထဲမှာမြင်တွေ့ရပါလိမ့်မယ်။

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books