M&E QS-Notes (ရဲမျိုး)
ဒီစာအုပ်ထဲမှာ M&E QS တစ်ယောက်အဖြစ် ၉ နှစ်နီးပါး အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ Engineering Knowledge တွေ အများကြီးကို ဖတ်ရှုရမှာ ဖြစ်ကြောင်း စာအုပ်ရေးသား ပြုစုတဲ့သူက ဆိုပါတယ်။ Engineering စာအုပ်တစ်အုပ်ဖြစ်ပေမယ့် ကိုယ်ပိုင် အတွေ့အကြုံတွေကို အခြေခံထားပြီး ရေးသားထားတဲ့အတွက် စာ "မလေး" ဘဲ အလွယ်တကူနားလည် သဘောပေါက်စေကြောင်းနဲ့ ဒီစာအုပ်ကို M&E QS Notes လို့ စာအုပ်နာမည်ပေးထားပေမယ့် အဓိကအားဖြစ် Electrical, ELV နဲ့ ACMV အပိုင်းတွေပဲ ပါဝငကြောင်း ဒီအပြင် Tender Projects တွေအတွက် အရေးတကြီး သိရမယ့်အချက်တွေ Tender/Contract and Documentation အပိုင်းတွေလည်း ပါဝင်တယ်လို စာရေးသူက အမှာစာမှာ ရေးသားထားပါတယ်။
ဒီ M&E QS Notes စာအုပ်ထဲက Notes တွေဖတ်ပြီး စင်ကာပူမှာရော ရန်ကုန်မှာပါ QS Post နဲ့ အလုပ်တွေ ရသွားတဲ့လူတွေ အများကြီးရှိကြောင်းနဲ့ ဒီ စာအုပ်ထဲက Notes တွေကြောင့် အလုပ်ထဲမှာ အရင်ကထက် ပိုပြီးအဆင်ပြေလာကြောင်း တချို့ကလည်း ပြန်ပြောပြကြလို့ အတိုင်းအထက် အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း၊ တချို့ကလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေထဲမှာ အသုံးဝင်တယ်လို့ ပြောကြာကြောင်း စာရေးသူက ဆိုပါတယ်။
ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲဆိုရင် -
၁။ Engineering ကျောင်းတတ်နေဆဲ လူငယ်တွေ
၂။ ကျောင်းပြီးကာစ Engineer/QS တယောက်အဖြစ် အလုပ်ဝင်ဖို့ အလုပ်ရှာနေတဲ့လူငယ်တွေ
၃။ လောလောဆယ် Engineer/QS အဖြစ် လုပ်ကိုင်နေပြီး Professional တယောက်ဖြစ်ဖို့ ကြိုးစားနေသူတွေ
၄။ Contractor တယောက်အဖြစ် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြသူတွေ
၅။ Electrical, ELV နဲ့ Mechanical Engineering ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေဖတ်သင့်တယ်လို့ စာအုပ်ရေးသားပြုစုသူ ကိုရဲမျိုး က ညွှန်းဆိုထားပါတယ်။
စာရေးသူ–ရဲမျိုး
စာမျက်နှာ–269
---------------------------------------‐------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.