စိတ်ခံစားချက်တွေကိုပိုင်နိုင်စွာထိန်းကျောင်းလိုက်ပါ (လူသာ)
⚫️ ဒီစာအုပ်လေးကတော့ မွေးကတည်းက မိဘတွေဆီကနေ အမွေတခုအနေနဲ့ ရကိုရခဲ့သင့်တဲ့ စိတ်ခံစားချက်ဆိုင်ရာ လက်စွဲစာအုပ်ဖြစ်ပါတယ်။ အခြေခံပညာသင်ကျောင်းတွေမှာ သင်ကိုသင်ယူခဲ့သင့်တဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်း လမ်းညွှန်စာအုပ်ဖြစ်ပါတယ်။
⚫️ စိတ်ခံစားချက်တွေဆိုတာ ဘာလဲဆိုတဲ့ အခြေခံအကျဆုံး မေးခွန်းတွေကစလို့၊ အကြောက်စိတ်၊ အရွံ့စိတ်၊ စိတ်ခံစားချက်တွေရဲ့ အတိုင်းအတာ၊ ဘယ်လို စိတ်ဖြစ်နေရင် ဘယ်လိုဖြစ်သွားနိုင်တယ် စသဖြင့် လက်တွေ့လူနေမှုဘဝရဲ့ စိတ်ခံစားချက်တွေရဲ့ အချိတ်အဆက်တွေအဆုံး စိတ်ခံစားချက်များဆိုင်ရာ အကြောင်းအချက်တွေကို ဒီစာအုပ်လေးထဲ တင်ပြဆွေးနွေးထားပါတယ်။
🔶 အဓိကအားဖြင့်၊ ဒီစာအုပ်လေးကနေ ရနိုင်မယ့် လက်တွေ့အကျိုးကျေးဇူးတွေကတော့-
🟡 စိတ်ခံစားချက်တွေကို အကျယ်လေ့လာပြီးတဲ့နောက်၊ စိတ်ခံစားချက်တွေနဲ့ လက်တွေ့ဘဝ ဆက်နွှယ်ပတ်သက်နေပုံတွေကို လေ့လာသွားရမှာပါ။
🟡 စိတ်ခံစားချက်အမျိုးမျိုးရဲ့ သဘောသဘာဝနဲ့အတူ၊ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အသုံးချနည်းတွေကို လေ့လာသွားရမှာပါ။
🟡 အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ခွဲခြားသုံးသပ်ပြီး၊ ဘဝအပေါ် လောင်းရိပ်အနေနဲ့ လွှမ်းမိုးခြယ်လှယ်တာမျိုး မဖြစ်အောင် မှန်ကန်တည်ကြည်တဲ့ နေနည်းထိုင်နည်းတွေကို လေ့လာသွားရမှာပါ။
ကိုယ့်ဘဝအပေါ် လွှမ်းမိုးနေသမျှ စိတ်ရိုင်းစိတ်ယုတ်တွေကို ဖယ်ရှားရှင်းထုတ်ပြီး၊ တိုးတက်ဖွံ့ဖြိုးတဲ့ လူနေမှုဘဝတခု ရအောင် ဖော်ဆောင်နည်းတွေကို လေ့လာသွားရမှာပါ။
🟡 စိတ်အခြေအနေနဲ့ စိတ်ခံစားချက်တွေကို ပြန်လည်ထိန်းကျောင်းပြီး၊ အပျက်သဘောဆောင်တဲ့ စိတ်ရိုင်းစိတ်ယုတ်တွေကို စိတ်ကောင်းစိတ်သန့်တွေ ဖြစ်အောင် ပြောင်းလဲတဲ့ လက်တွေ့အသုံးကျ နည်းလမ်းတွေကို လေ့လာသွားရမှာပါ။
🟡 အပျက်သဘောဆောင် စိတ်ရိုင်းစိတ်ယုတ်တွေကို ကိုင်တွယ်နည်းနဲ့အတူ၊ အကျိုးရှိ အကျိုးပြုတဲ့ စိတ်ကောင်းစိတ်သန့်ဖြစ်အောင် ပြောင်းလဲအသုံးချနည်းတွေကိုလည်း လေ့လာသွားရမှာပါ။
🟡 စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးနဲ့ လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးကို လက်တွေ့ဖော်ဆောင်နိုင်မယ့်နည်းလမ်းအစုံကိုလေ့လာသွားရမှာပါ။
စိတ်ခံစားချက်တွေကိုပိုင်နိုင်စွာထိန်းကျောင်းလိုက်ပါ
✍️ စာရေးသူ -လူသာ(အတွေးအမြင်)
စာမျက်နှာ ၂၅၆
📖စက္ကူအမျိုးအစား-Woodfree 60g ,
ခေါက်ဖုံး
----------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.