မြန်မာ့ပညာရေးစာပေနှင့်စာပေရေးရာစာစု(မောင်ခင်မင်-ဓနုဖြူ)

Unknown author

မြန်မာ့ပညာရေးစာပေနှင့်စာပေရေးရာစာစု(မောင်ခင်မင်-ဓနုဖြူ)

18000 MMK
Out of stock
Publisher
ISBN
Pages
249
Wishlist View cart

ဤစာအုပ်တွင် ကျွန်တော်ရေးခဲ့သော စာပေဆောင်းပါးအချို့ကို စုစည်းထားပါသည်။


မြန်မာ့အလင်းသတင်းစာတွင် စကားဝိုင်းဖွဲ့ ဆွေးနွေးသည့်ပုံစံဖြင့် ဆောင်းပါးအများအပြား ကျွန်တော်ရေးခဲ့ပြီး စာအုပ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။ ဤစာအုပ်တွင်ပါဝင်သော “မြန်မာ့ပညာရေးစာပေ” ဆောင်း ပါးများနှင့် “မြန်မာ့သမိုင်းစာပေ” ဆောင်းပါးများကို စာအုပ်အဖြစ် မစုစည်း ရသေးပါ။ ကိုဗစ်ကာလနောက်ပိုင်းတွင် ကျွန်တော်၏ ကျန်းမာရေးအရ စာ ရေးသားမှု အချိန်အတန်ကြာ ရပ်ဆိုင်းရသည့်အတွက် ထိုဆောင်းပါးများကို တစ်ပိုင်းတစ်ကဏ္ဍ ရပ်နားရပါ သည်။ ရေးပြီးသမျှကို ဤစာအုပ်တွင် ထည့် သွင်းလိုက်ပါသည်။


မြန်မာစာပေဆိုင်ရာကျမ်းများကို မိတ်ဆက်ရည်ညွှန်းရန် ရည်ရွယ် ချက်ဖြင့် ထင်ရှားသော စာပေကျမ်းအချို့ကို အညွှန်းအဖြစ် ရေးသားခဲ့ရာ ထိုဆောင်းပါးများကိုလည်း ဤစာအုပ်တွင် ထည့်ဝင်ထားပါသည်။ သက် ဆိုင်ရာ အကြောင်းအရာနယ်ပယ်နှင့် ပတ်သက်၍ စာပေလေ့လာသူများ တလေးတစား ရည်ညွှန်းကိုးကားရသော စာအုပ်များ ဖြစ်ပါသည်။



Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.