ပါရမီဖြည့်ဖက် (ဘုန်းမောင်ဦး)

ဘုန်းမောင်ဦး

ပါရမီဖြည့်ဖက် (ဘုန်းမောင်ဦး)

14500 MMK
Out of stock
Publisher
ISBN
Pages
240
Wishlist View cart

❝ အချစ်ရေးမှာ လူရွေး မမှားစေမဲ့ အတွေးအခေါ်များ ❞

အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ သည်သုံးခု ချက်မပိုင်လျှင် နောက်ပြင်နိုင် ခက်သည့်အမျိုး ဆိုတဲ့ မြန်မာဆိုရိုးတစ်ခု ရှိပါတယ် ..

အဓိပ္ပါယ်က -

◾အိမ်ထောင်ပြုတဲ့အခါ

◾မြန်မာ့ဓလေ့ထုံးတမ်းအရ ဘုရားတည်တဲ့အခါ

◾ဆေးမင်ကြောင် တက်တူးထိုးတဲ့အခါ

ဒီသုံးခုကို လုံးဝမလုပ်ခင်မှာ သေသေချာချာ ဆုံးဖြတ်ချက် ချရတယ်။ မပိုင်ဘူးဆို မလုပ်သင့်ဘူး၊ စမ်းလုပ်လို့ မရဘူး။ ဘာလို့ဆို ပယ်ဖျက်ဖို့၊ ပြန်ပြင်ဖို့ ခက်လို့။ တစ်ဘဝစာ စွဲမြဲသွားစေလို့ပါ ..

📌 ကျွန်တော်တို့ဘဝမှာ ဆုံးဖြတ်ချက်ပေါင်းများစွာ ချကြတဲ့အထဲ ကိုယ် ဘယ်သူ့ကို လက်တွဲဖော်အဖြစ်နဲ့ တွဲမလဲဆိုတာ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့်.. Who you marry? ဆိုတာ တော်တော်လေး အရေးကြီးတယ် ..

အခု လက်ရှိ ရည်းစားတွေ ထားကြတယ်၊ ချစ်ကြတယ်၊ အဆင်ပြေကြတယ်။ ဝမ်းသာစရာပါ။ ဒါပေမဲ့ စာတွေထဲမှာ ပါသလို “ အချစ်က ချစ်နေဖို့ပဲ လိုတယ် ” ဆိုတဲ့စကားလောက်နဲ့တော့ တကယ့်လက်တွေ့ဘဝမှာ မလွယ်ဘူး ..

◾ကိုယ် လက်တွဲနေတဲ့ လူက ဉာဏ်ရည်နိမ့်၊ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်း၊ ပိုက်ဆံ မရှာဘဲ လောင်းကစားလုပ် ဒါတင်မက မူးယစ်နွံထဲ ရေစုန်မျော ၊ ကိုယ့်အပေါ် သစ္စာမရှိ၊ အကြမ်းဖက်သူဆိုရင် ဘယ်လိုလုပ်မလဲ ..

📌 ဒါ့ကြောင့် လက်မထပ်ခင်၊ တစ်လင်တစ်မယားဘဝနဲ့ အိမ်ထောင်မပြုခင်မှာ “ ကိုယ့်ရည်းစားက ဘယ်လိုလူလဲ” ဆိုတာကို လေ့လာထားဖို့ လိုလိမ့်မယ်။ ချဉ်ချဉ်တူးတူး မူးပြီးရော၊ ရတဲ့လူ ယူပြီး ကိုယ့်တန်ဖိုး ကိုယ်ချလိုက်မယ်ဆိုရင် “ ကိုယ့်ဘဝ ” ပဲ ပျက်သွားလိမ့်မယ် ..

◾တစ်ဆက်တည်းဆိုရရင် လူတစ်ယောက်ကို ရွေးချယ်တဲ့အခါမျိုးမှာ နှလုံးသားနဲ့ ချစ်တတ်ဖို့ လိုသလို ဦးနှောက်ထဲကလဲ ဒီလူက Right Person ဟုတ်မဟုတ်ဆိုတာကို ချင့်ချိန်စဉ်းစားဖို့ လိုပါတယ်..

❗❗❗ကိုယ်က Right person လို့ ထင်ထားပြီးမှ တကယ်တမ်း Toxic person နဲ့ တွေ့လာရင် ဘယ်လိုလုပ်မလဲ ..

အခု အသစ်ထွက် ရှိလာတဲ့ “ ပါရမီဖြည့်ဖက် ” စာအုပ်ထဲမှာတော့ Right Person ဆိုတာ ဘယ်လိုလူတွေ ဖြစ်နေပါတယ်ဆိုတဲ့အကြောင်းကို စိတ်ပညာရှုထောင့်ကနေ ဖတ်ရမှာပါ ..

အထူးသဖြင့် ဒီစာအုပ်ကို -

◾အကုန်အဆင်ပြေပြီးမှ အချစ်ရေးအဆင်မပြေသူတွေ

◾အချစ်ရေးကိစ္စဆို သီးသန့်စိတ်ဝင်စားသူတွေ

◾အချစ်ကြောင့် ပူဆွေး လောင်မြိုက်ခြင်း ခံနေရသူတွေ

◾ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်သူတွေ

◾တို့ဆေးနဲ့မမူး အချစ်နဲ့မှ ရူးသွားတဲ့ အချစ်ရူးတွေ

◾Toxic Relationship ထဲ ပိတ်မိနေသူတွေ

◾အချစ်စစ်၊ အချစ်မှန်၊ Right person အကြောင်း

◾အချစ်ရေး ကံမကောင်းတဲ့သူတွေ ဖတ်သင့်ပါတယ် ..

စာအုပ်အမည်-ပါရမီဖြည့်ဖက်

✍️ ဘုန်းမောင်ဦး

စာမျက်နှာ ၂၄၀

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books