Phrase and Clause (ဦးသန်းလွင်)
ကျောင်းသားလူငယ်အများစုမှာ အင်္ဂလိပ်ဘာသာရပ်ကို သင်ယူ လေ့လာနေကြသော်လည်း Essay နှင့် Letter Writing တို့ကို ကိုယ်တိုင် မရေးသားနိုင်ကြဘဲ အလွတ်ကျက်မှတ် ဖြေဆိုနေကြသည်သာ များ ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ရေးသားထားသော စာစီစာကုံးများ တွင် ပါဝင်သော Phrase နှင့် Clause များ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ grammar နှင့် structure တို့ကို နားမလည်ကြသည်သာ များကြပေသည်။
ထိုအခက်အခဲများကို ဖြေရှင်းနိုင်ပြီး စာစီစာကုံးများကို ကိုယ်တိုင် ရေးနိုင်ကြစေရန်အတွက် ဤ Phrases and Clauses စာအုပ်ကို ပြုစု ပေးလိုက်ခြင်းဖြစ်ပါသည်။
ရှေးဦးစွာ အဓိကကျသော Unit (80) တို့ကို စုစည်း၍ နားလည် သဘောပေါက်အောင် တင်ဆက်ပေးထားပါသည်။ ဒုတိယအနေဖြင့် grammar points များကို ပို၍ အသေးစိတ် ရေးသားပေးထားပြီး တတိယအနေဖြင့်, ဝါကျတည်ဆောက်ပုံတို့ကို ပိုမိုနားလည်သဘော ပေါက်စေရန်အတွက် မြန်မာမှ အင်္ဂလိပ်သို့ ပြန်ဆိုရေးသားစေသော လေ့ကျင့်ခန်းများကို ထည့်သွင်းပေးထားပါသည်။
ဤစာအုပ်တွင် ဖော်ပြထားသော ဥပမာများနှင့် ဖွဲ့စည်းတည် ဆောက်ပုံတို့ကို ပိုင်နိုင်ပြီဆိုပါက အဓိကကျသော main grammar structures များကို ကောင်းစွာနားလည်ပြီး Standard English ကို ကောင်းစွာ ရေးသားပြောဆိုနိုင်ကြပါမည်။
စာရေးသူ-ဦးသန်းလွင်
စာမျက်နှာ-၃၉၁
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.