ဆင်စွယ်မင်းသမီး (ရွှေဥဒေါင်း)

ရွှေဥဒေါင်း

ဆင်စွယ်မင်းသမီး (ရွှေဥဒေါင်း)

10000 MMK
Out of stock
Publisher
ISBN
Pages
192
Wishlist View cart

ဆင်မုဆိုးကြီးအယ်လင်…

အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး 'ဟင်' …

ရင်နယ်မြို့စားကလေး နဲ့ မြို့စားကလေးကတော်…

ဘုရားငယ်တိုင်းပြည်က စွမ်းအားရှင်တွေလိုထင်ရတဲ့ဟရုနဲ့မရုတို့ညီအစ်ကို တို့ကြားက ဆက်နွယ်မှုရေစက်တွေ။

ရင်နယ်မြို့စားကလေးရဲ့ကတော်ဟာ မုန်ယိုနေတဲ့ဆင်ကြီးကြောင့် ရင်သွေးငယ်ကိုဆုံးရှုံးခဲ့ရတယ်။

ရင်သွေးလေးသေဆုံးသွားလို့ စိတ်မကျန်းမမာဖြစ်သွားခဲ့တယ်။

အချိန်အတန်ကြာတဲ့အခါ စိတ်အပြောင်းအလဲဖြစ်အောင် ရင်နယ်မြို့စားကလေးတို့ မိသားစုနဲ့ အီဂျစ်ပြည်ကိုခရီးထွက်ကြတယ်။

တစ်နေ့ နိုင်းမြစ်ထဲ‌ကသ‌ေင်္ဘာပေါ်မှာပဲ မြို့စားလေးကတော်ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။

ဆင်မုဆိုးကြီးအယ်လင်၊ အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး 'ဟင်' ၊ ရင်နယ်မြို့စားကလေး နဲ့ သူ့တပည့်ကျော်ဆာဖိတ်တို့ရဲ့ မြို့စားကတော်ကိုရှာပုံတော်ဖွင့်ကြတဲ့ သည်းတထိတ်ထိတ်

တောတွင်းစွန့်စားခန်းကြီး။

လိုရာခရီးရောက်ဖို့ဖြတ်သန်းခဲ့ရတဲ့ သဲကန္တာရတွေ၊ မြစ်တွေ၊ တောတောင်တွေ နှစ်ဖက်ရန်သူတွေကြားထဲညှပ်ရတဲ့ ဘေးကျပ်နံကျပ်အဖြစ်တွေ ဂူအောင်းမြွေဆိုးကြီးကိုရင်ဆိုင်ရပုံတွေ

ကင်ဒါ(ခ)အသားစားလူနက်မျိုးတွေနဲ့ သူတို့ကိုးကွယ်ကြတဲ့

ဂျနဆင်ဆိုးကြီး ကိုရင်ဆိုင်တိုက်ခိုက်ရပုံတွေနဲ့

ကင်ဒါလူဖြူမျိုးတွေနဲ့သူတို့ကိုးကွယ်တဲ့ ကလေးသူငယ်ဘုရားငယ်ဆီအရောက်သွားခဲ့ကြတဲ့ ခရီးရှည်ကြီးအကြောင်း ရင်သပ်မောရှုမောစွာဖတ်ရှုရမည့်ဆင်စွယ်မင်းသမီး...

ဆင်စွယ်မင်းသမီး

=======

စာရေးသူ-ရွှေဥဒေါင်း(မြန်မာပြန်)

စာမျက်နှာ-၁၉၂

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.