လောကဓမ္မအမေးအဖြေများ (အရှင်နန္ဒာမာလာ)

အရှင်နန္ဒာမာလာ

လောကဓမ္မအမေးအဖြေများ (အရှင်နန္ဒာမာလာ)

15000 MMK
Out of stock
Publisher
ISBN
Pages
541
Wishlist View cart

ဤလောကဓမ္မ အမေးအဖြေများစာအုပ်၌ လောကရေးရာ မေးခွန်းနှင့်အဖြေ ၁၆၃ ခု ပါရှိသည်။ ဓမ္မ ရေးရာ မေးခွန်းများနှင့် လောကီရေးရာမေးခွန်းများ ပါဝင်သည်။ ထို့အပြင် ၁၃၄၂ ခုနှစ်က ရေးသား ဖြေဆိုခဲ့သော အမေးဆယ်ထွေ, အဖြေဆယ်ပါးနှင့် သုစိပုဘာအဖြေ ဋီကာ ကျမ်းငယ်ကို ပူးတွဲထည့်သွင်းလျက် ဖော်ပြ ရိုက်နှိပ်စေလိုက်ပါသည်။

အမေးဆယ်ထွေ အဖြေဆယ်ပါး ကျမ်းစာငယ်မှာ ၁၃၄၂ ခုနှစ် ပြာသိုလပိုင်းအချိန်က မဓုရရွာ၊ ဆရာတော်ဦးဇဝန အရှင်မြတ်၏ အမေးဆယ်ချက်ကို ဖြေဆိုထားသော ကျမ်းစာငယ် ဖြစ်ပါသည်။ ထိုဆရာတော် သည် ဓမ္မာစရိယဘွဲ့ရ ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်၍ လဇ္ဇီပေသလ၊ သိက္ခာကာမ အရှင်မြတ်တစ်ပါးလည်း ဖြစ်ပါသည်။ ဤကျမ်းငယ်၏ အမေးပုစ္ဆာရှင် ဆရာတော်သည် ၁၃၄၅ ခုနှစ်က ပျံလွန်တော်မူခဲ့ပါပြီ။ ထိုဆရာ တော်၏ အမေးပုစ္ဆာပြဿနာများကို ဤကျမ်းငယ်၌ စုပေါင်းလျက် (အမေးဆယ်ထွေ၊ အဖြေဆယ်ပါး ပုစ္ဆာဝိသဇ္ဇနာများ) အမည်ဖြင့် သုတေသီတို့အတွက် တင်ဆက်လိုက်ရခြင်း ဖြစ်ပါသည်။ အကြောင်းအရာတူ အကိုးသာဓကများကို ထုတ်ပြထားခြင်းကြောင့် ရှည်ကျယ်ရှုပ်ထွေးဖွယ် ရှိသော်လည်း လိုလားသူတို့အတွက်မှ အဖိုးတန်ရတနာ ဖြစ်ပါလိမ့်မည်။ သို့အတွက်ကြောင့် ရှုပ်ထွေးများပြားသည်ထင်က ပါဠိအကိုးအကားသာဓက များကို ကျော်ဖတ်သွားပါရန် ဤနေရာ၌ မေတ္တာရပ်ခံအပ်ပါသည်။

ဒုတိယကျမ်းစာငယ်ဖြစ်သော ဤသုစိပုဘာအဖြေဋီကာမှာ အင်းဝခေတ်စာဆိုကျော် အရှင်မဟာရဋ္ဌသာရ၏ ဧကပိုဒ် ကဗျာကို မြန်မာစကားပြေဖြင့် ဖွင့်ဆိုထားသော ကျမ်းစာငယ်ဖြစ်ပါသည်။ ဤကျမ်းငယ်၌ ကဗျာစာကိုယ် မူရင်းစကားပြေဖြင့်လည်းကောင်း၊ ထိုကဗျာ၏ ကောက်ချက်ပိဏ္ဍတ္ထဖြင့်လည်းကောင်း၊ အနုစိတ် ဝေါဟာရ ရှင်းလင်းချက်တို့ဖြင့်လည်းကောင်း တန်ဆာဆင်လျက် ဖွင့်ပြထားပါသည်။ ဤဧကပိုဒ်ကဗျာကို တစ်ချိန်က တက္ကသိုလ်ကြီးများတွင် မြန်မာစာအဖြစ် ပြဋ္ဌာန်းခဲ့ဖူးပါသည်။

လောကဓမ္မအမေးအဖြေများ

========================

စာရေးသူ–အရှင်နန္ဒာမာလာ

စာမျက်နှာ–542

-----------------------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.