မပျော်ရွှင်ရတဲ့အကြောင်းအရင်းများ (မှော်ဝန်းသီဟ)

မှော်ဝန်းသီဟ

မပျော်ရွှင်ရတဲ့အကြောင်းအရင်းများ (မှော်ဝန်းသီဟ)

6000 MMK
Out of stock
Publisher
ကံ့ကော်နီ
ISBN
Pages
104
Wishlist View cart

📗မပျော်ရွှင်ရတဲ့အကြောင်းအရင်းများ

=========================

ပျော်ရွှင်မှုကို လိုလားတောင့်တပေမဲ့၊ ပျော်ရွှင်မှုကို ရှာဖွေနေပေမဲ့ မပျော် ရွှင်မှုတွေကိုပဲ ခပ်စိပ်စိပ် ကြုံတွေ့လာရတော့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့် မိတယ်။

ပျော်ရွှင်မှုကို တိုက်ရိုက် ရှာမတွေ့တဲ့အခါ မပျော်ရွှင်မှု ဘာကြောင့် ဖြစ် နေရသလဲကို ရှာကြည့်မိတယ်။

ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတွေက ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုနေတဲ့ စိတ်ခံ စားချက် တခုမို့ ဘာကြောင့် မပျော်ရွှင်ရတာလဲ ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အပေါ်မှာပဲ ဆန်းစစ် ရှာကြည့်မိတယ်။

🔹 ငါ ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ။

🔹ဘယ်အားနည်းချက်တွေကြောင့် မပျော်မရွှင် ဖြစ်နေရလဲ။

🔹 အဲဒီ မပျော်ရွှင်မှုတွေကို ဘယ်လို တိုက်ထုတ်ရမလဲ။

🔹ပျော်ရွှင်မှုတွေကို ဘယ်လို ဖန်တီးတည်ဆောက်ရမလဲ။

. . . စသဖြင့် ပုစ္ဆာထုတ် အဖြေရှာကြည့်မိတယ်။

အဲဒီလို ဖွေရှာကြည့်ရင်း မပျော်ရွှင်ရတဲ့ အကြောင်းအရင်းတွေကို တွေ့ ရှိခဲ့တယ်။ အဲဒီ မပျော်ရွှင်ရတဲ့ အကြောင်းအရင်းတွေကို ထပ်မံ ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ ဘယ်အကြောင်းမဆို စိတ်ဖိစီးမှုမှာ သွားပေါင်းဆုံတာကို တွေ့ရှိရ တယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အပေါ်အခြေခံပြီး တွေ့ရှိလာခဲ့တဲ့ အကြောင်း အရာတွေကို `မပျော်ရွှင်ရတဲ့ အကြောင်းအရင်းများ နဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ဖြေဖျောက်ကြမလဲ” ဆိုပြီး နှစ်ပိုင်းခွဲကာ မျှဝေဖော်ပြသွားမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~

✍️–မှော်ဝန်းသီဟ

📖–၁၀၄

---------------------------------------‐------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.