စကားခြင်းရာနှင့် စာပေသဘော (အောင်နိုင်)

အောင်နိုင်(ရန်ကုန်တက္ကသိုလ်)

စကားခြင်းရာနှင့် စာပေသဘော (အောင်နိုင်)

25000 MMK
Out of stock
Publisher
ISBN
Pages
258
Wishlist View cart

စကားခြင်းရာနှင့် စာပေသဘော


ဤစာအုပ်တွင် မြန်မာစာပေသင်ကြားရေးတွင် အထောက်ကူဖြစ်စေရန်အတွက် လေ့လာမှုများ ပြုလုပ်ရာမှ တွေ့ရှိရသည့်၊ ငုပ်နေသည့် အကြောင်းအရာအသစ်များကို စုစည်းဖော်ပြထားသည်။ မြန်မာဘာသာစကားနှင့် မြန်မာစာပေဆိုင်ရာ သုတေသနပြုစာတမ်းနှင့် ဆောင်းပါး ၂၆ ပုဒ် ပါဝင် သည်။


မြန်မာစာပေလောကတွင် ထင်ရှားသောစာဆိုများတွင်အပါအဝင်ဖြစ်သည့် ဒန်းတိုင်ဆရာတော်၊ ကျည်းကန်ရှင်ကြီးစသည့် စာဆိုတို့နှင့် ပတ်သက်သော အသစ်တွေ့ အချက်အလက်များအပြင် စုံနံ့သာမြိုင်ဦးကြော့နှင့် ပတ်သက်၍ သူ၏ကျော်ကြားသော စုံနံ့သာမြိုင်ရှာပုံတော်ကြီးကို ဘဝနှင့် စာပေ၊ စာပေနှင့် ရေးဖွဲ့သီကုံးပုံ၊ ရေးဖွဲ့သီကုံးပုံနှင့် ပကတိလောကအခြေအနေများကို သရုပ်ခွဲ ဖော်ပြထားသည်။


ထို့ပြင် မြန်မာဘာသာစကားတွင် ရေးဟန်နှင့် အသံများ ဆက်စပ်ပြောင်းလဲပုံကိုလည်း ဘာသာ စကား၏ပြောင်းလဲတတ်သောသဘာဝနှင့် နှိုင်းယှဉ်ပြီး အရေးအဆင့်၊ စကားသံအဆင့်၊ စကားလုံး အဆင့်၊ စကားသုံးအဆင့်၊ ဝါကျအဆင့်၊ အနက်အဆင့်ဟူ၍ အဆင့်ဆင့်တိုင်းတွင် ပြောင်းလဲလာပုံ ကို ဥပမာဥပမေယျများဖြင့် တင်ပြထားသည်။


သမိုင်းနှင့်စာပေ၊ စာပေနှင့်စာဆို၊ စာဆိုနှင့် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့၏ အဆက်အစပ်ကိုလည်း ပုဂံခေတ် ရာဇကုမာရ်ကို အကြောင်းပြု၍ အတွေးသစ်များ ထုတ်ဖော်တင်ပြထားသည့်အပြင် အလင်္ကာရသများ၏ လှပမှုကို စာဆိုတို့၏ အနုလက်ရာများကို အကိုးအကားပြုလျက် ဖွဲ့ဆို တင်ပြ ထားသည်။


မြန်မာစာပေနှင့် ဆက်နွှယ်နေသော မြန်မာ့ရိုးရာ အစဉ်အလာ ဒုံးချင်း ကဗျာနှင့် အက၊ ဦးရွှေရိုး အကနှင့် ဆံကေသာ အလှအပဆိုင်ရာမှတ်စုများလည်း ပါဝင်သည်။


စာရေးသူ-အောင်နိုင်(ရန်ကုန်တက္ကသိုလ်)

စာမျက်နှာ-၂၅၈

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.