ကိုယ့်ဘ၀ ကိုယ်သာ ကယ်တင်ရာ (ခင်စောတင့်)
How to save your own life ဟာ အနည်းငယ်သော စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပြီး ဘဝဖြတ်သန်းမှုမှာ စိတ်ချမ်းသာမှုဟာ မည်မျှ အရေးကြောင်း၊ ခါးသီးတဲ့ ဘဝကို ကိုယ်တိုင် ရင်ဆိုင်ကျော်ဖြတ်ခဲ့သူ Michael Gates Gill ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ သူဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းမှ မွေးဖွားလာခဲ့တာဖြစ်ပြီး ဘဝကို အောင်မြင်စွာ ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်ပေမယ့် အခက်အခဲတချို့ကြောင့် အသက် ၅၀ အရွယ်မှာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ အိမ်ထောင်ပါ ပြိုကွဲခဲ့ပြီး စိတ်ဓာတ်ကျ လေလွင့်ခဲ့ကာ နောက်ဆုံး Starbucks ကော်ဖီဆိုင်မှာ စားပွဲထိုးဝင်လုပ်ခဲ့ရပါတယ်။ စားပွဲထိုးလုပ်ရင်း လူပေါင်းများစွာတို့ရဲ့ ဘဝတွေကို သိရှိနားလည်လာရာက ဘဝရဲ့ စိတ်ချမ်းသာမှု အစစ်အမှန်ဆိုတာ ဘာလဲ နားလည် သိရှိခဲ့သူ ဖြစ်ပါတယ်။
Michael Gates Gill ဟာ ကော်ဖီဆိုင်က အတွေ့အကြုံတွေကို အခြေခံပြီး ပထမဆုံးလက်ရာဖြစ်တဲ့ ‘How Starbucks Saved my Life’ ကိုရေးခဲ့ပါတယ်။ ဒီစာအုပ်ဟာ New York Times bestselling စာရင်းဝင် ရောင်းအကောင်းဆုံးစာအုပ် ဖြစ်ခဲ့ပြီး အင်မတန်အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦးဖြစ်သွားပါတယ်။
‘How to save your own life’ စာအုပ်မှာ Michael Gates Gill က သူ့ရဲ့ ဘဝကို အခြေခံပြီး သူ ရရှိ ခံစားခဲ့တဲ့ ဘဝသင်ခန်းစာ ၁၅ မျိုး တင်ပြထားပါတယ်။ ကြမ်းတမ်းခက်ထန်တဲ့ ဘဝအချိုးအကွေ့များကို ဖြတ်သန်းပြီး ဘဝအသစ် စတင်ဖို့ အင်အားကို ရှာဖွေခဲ့ရတဲ့ အကြောင်းအရာများကို မျှဝေထားတာပါ။ ဘဝမှာ ဘယ်လိုအနေအထားနဲ့ ရပ်တည်နေပါစေ၊ ဘယ်အသက်အရွယ်ပဲ ဖြစ်နေပါစေ၊ “စိတ်ချမ်းမြေ့မှုကို ရှာဖွေနိုင်ကြောင်း”ကို လေ့လာဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
စာမျက်နှာ- ၂၀၀
စာရေးသူ- ခင်စောတင့်( မြန်မာပြန်)
----------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.