ကိုယ်တိုင်လေ့လာ AutoCAD သင်ခန်းစာ (ကိုခိုင်)

ကိုခိုင်

ကိုယ်တိုင်လေ့လာ AutoCAD သင်ခန်းစာ (ကိုခိုင်)

8000 MMK
Out of stock
Publisher
Myanmar Heritage
ISBN
Pages
319
Wishlist View cart

ကိုယ်တိုင်လေ့လာ AutoCAD သင်ခန်းစာ


📚ဤစာအုပ်သည်…

AutoCAD အင်ဂျင်နီယာပုံဆွဲဘာသာရပ်ကို လေ့လာသင်ကြားလိုသူများအတွက် လက်တွေ့အသုံးချသင်ခန်းစာများဖြစ်သည်။


# သင်ခန်းစာတစ်ခုချင်းစီကို လက်တွေ့ကိုယ်တိုင်လုပ်ဆောင်နိုင်ရန် အခြေခံသဘောမှစပြီး အဆင့်မြင့်သဘောတရားများအထိ အပိုင်းတစ်ပိုင်းချင်းအလိုက်၊ သင်ခန်းစာတစ်ခုချင်းအလိုက် ရှင်းလင်းဖော်ပြပေးထားသည်။


။ စာအုပ်တွင် အခြေခံမှ အဆင့်မြင့်အထိ တစ်ဆင့်ချင်း လေ့ကျင့်သင်ကြားသွားနိုင်ရန် အပိုင်းလေးပိုင်း ခွဲခြားဖော်ပြထားသည်။ ပထမပိုင်းသည် အခြေခံဖြစ်ပြီး ဒုတိယပိုင်းသည် ကျွမ်းကျင်မှုအတွက် ရည်ရွယ်သည်။ တတိယပိုင်းသည် သုံးဖက်မြင်ပုံများရေးဆွဲခြင်းနှင့် စတုတ္ထပိုင်းသည် အဆင့်မြင့် ပုံဆွဲခြင်းသဘောတရားများ တင်ပြထားသည်။


။ ကွန်ပျူတာအခြေခံနည်းသောသူများအတွက်ရော အင်္ဂလိပ်ဘာသာစကား အားနည်းသူများ အတွက်ပါ အလွယ်တကူလေ့လာနိုင်အောင် အရိုးရှင်းဆုံး မြန်မာဘာသာစကား၊ အရပ်သုံး စကားများဖြင့် ရေးသားဖော်ပြထားသည်။


။ သင်ခန်းစာများကို AutoCAD version အမျိုးမျိုးနှင့် အလိုက်သင့် လေ့လာသင်ကြားနိုင်စေရန် စီစဉ်ထားသည်။


ဤသင်ခန်းစာများသည် AutoCAD 2010 ကို အခြေခံထားသော်လည်း တစ်ဆင့်နိမ့်သော 2008 version, တစ်ဆင့်မြင့်သော 2012 များနှင့်လည်း လက်တွေ့အသုံးချ လေ့လာသင်ကြားနိုင်သည်။ လိုအပ်သော နမူနာပြပုံများကို စီဒီဖြင့် သီးခြားထည့်သွင်းပေးထားသည်။

========================

စာရေးသူ–ကိုခိုင်

စာမျက်နှာ–319

------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.