Steel Structure Estimate (Part-1) (Daw Yu Yu Htun)
Steel Structure Estimate (Part 1) ပထမအဆင့် သိမှတ်ဖွယ်ရာများ
=========================
#စာအုပ်မှာပါဝင်မည့်အကြောင်းအရာတွေကတော့
♦️Steel Structure Estimate နဲ့ပတ်သက်ပြီး စတင်လေ့လာလိုသူတွေအတွက် Steel Structure Building တည်ဆောက်ရေးတွင် သိထားရမည့် ရုံးပိုင်းဆိုင်ရာသိမှတ်ဖွယ်ရာများ ၊ Steel Structure Building တွင်အသုံးပြုမည့် Materialsများအကြောင်း Estimate တွက်လျင်သိ ထားရမည့်အကြောင်းအရာများ ၊ Estimate တွက်ရမည့် form ပုံစံ နှင့် Steel Structure Estimate တွက်ရန်အတွက် လေ့လာထားရမည့် Step by Step အခြေခံများ နှင့် Steel Structure Building တည်ဆောက်ရေးပုံစံအကြမ်းဖျင်းသိရှိလေ့လာနိုင်စေရန်ကို ဦးစွာပထမရေးသားထားခြင်းဖြစ်ပါသည်။
♦️Steel Structure Work မှာပါဝင်တဲ့ Structure များဖြစ်သောW Section , H Sectin , I Section များ၏ မတူညီတဲ့ ကွာခြားချက်များ ၊ Mild Steel Plate , Bolt & Nut စသည့်တို့ကို Local မှာ ရရှိနိုင်မည့်Brand များ ၊ စျေးကွက်မှာ ဝယ်ယူရရှိနိုင်မည့် Size များ နှင့် Estimate အတွက်ကြိုတင်လေ့လာထားနိုင်ရန် နမူနာတွက်ချက်မှုပုံစံများပါဝင်ပြီး စျေးနှုန်းတွက်ရန် Unit ပြောင်းတွက်ခြင်းများပါဝင်မှာဖြစ်ပါသည် ။
♦️Deck Sheet Work မှာပါဝင်သော 75mm အခုံးနှင့် 50mm အခုံး Deck Sheet များ၏ မတူညီသော ကွာခြားချက်များ ၊ Deck Sheet ထုတ်လုပ်ပုံအဆင့်ဆင့် ၊ Deck Sheet နှင့်တွဲဖက်အသုံးပြုရမည့်Shear Stud , Deck Sheet Stopper စသည်တို့၏ ပုံသဏ္ဌာန် နှင့် အသုံးပြုပုံ ၊ စျေးကွက်မှာ ဝယ်ယူရရှိနိုင်မည့် Size နှင့် Thickness များ ၊ Estimate အတွက်ကြိုတင်လေ့လာထားနိုင်ရန် နမူနာတွက်ချက်မှုပုံစံများပါဝင်ပြီး စျေးနှုန်းတွက်ရန် Unit ပြောင်းတွက်ခြင်းများပါဝင်မှာဖြစ်ပါသည်။
♦️Purlin Work မှာပါဝင်သော Lip C , Z Channel များကို ထုတ်လုပ်ပုံအဆင့်ဆင့် ၊ Purlin နှင့်တွဲဖက်အသုံးပြုရမည့် Purlin Cleat , Purlin Nut စသည်တို့၏ ပုံသဏ္ဌာန် နှင့် အသုံးပြုပုံ ၊ Materials အမျိုးအစား ၊ စျေးကွက်မှာ ဝယ်ယူရရှိနိုင်မည့် Size နှင့် Thickness များ ၊ Estimate အတွက်ကြိုတင်လေ့လာထားနိုင်ရန် နမူနာတွက်ချက်မှုပုံစံများပါဝင်ပြီး စျေးနှုန်းတွက်ရန် Unit ပြောင်းတွက်ခြင်းများပါဝင်မှာဖြစ်ပါသည် ။
♦️Roofing Work မှာပါဝင်တဲ့ 3Angle Sheet , 4Angle Sheet , 5Angle Sheet များကို ထုတ်လုပ်ပုံအဆင့်ဆင့် ၊ Roof & Wall နှင့်တွဲဖက်အသုံးပြုရမည့် Screw , Sagrod , Wind Bracing , Turn Buckle စသည်တို့၏ ပုံသဏ္ဌာန် နှင့် အသုံးပြုပုံ ၊ Materials အမျိုးအစား ၊ 4Angle နှင့် 5Angle တို့၏ ကွာခြားချက်များနှင့် အားနည်းချက်အားသာချက်များ ၊ စျေးကွက်မှာ ဝယ်ယူရရှိနိုင်မည့် Size နှင့် Thickness များ ၊ Estimate အတွက်ကြိုတင်လေ့လာထားနိုင်ရန် နမူနာတွက်ချက်မှုပုံစံများပါဝင်ပြီး စျေးနှုန်းတွက်ရန် Unit ပြောင်းတွက်ခြင်းများပါဝင်မှာဖြစ်ပါသည် ။
♦️Gutter Work မှာပါဝင်မည့် Gutter အမျိုးအစားများ Gutter နှင့်တွဲဖက်အသုံးပြုရမည့် Gutter Hook စသည်တို့၏ ပုံသဏ္ဌာန် နှင့် အသုံးပြုပုံ ၊ Materials အမျိုးအစား ၊ Estimate အတွက်ကြိုတင်လေ့လာထားနိုင်ရန် နမူနာတွက်ချက်မှုပုံစံများပါဝင်ပြီး စျေးနှုန်းတွက်ရန် Unit ပြောင်းတွက်ခြင်းများပါဝင်မှာဖြစ်ပါသည်။
♦️Down Take Pipe Work မှာပါဝင်မည့် Down Take Pipe အမျိုးအစားများ Down Take Pipe နှင့်တွဲဖက်အသုံးပြုရမည့် 45° Elbow , 90° Elbow , Saddle စသည်တို့၏ ပုံသဏ္ဌာန် နှင့် အသုံးပြုပုံ ၊ Materials အမျိုးအစား ၊ Estimate တွက်ရန်ကြိုတင်လေ့လာထားနိုင်ရန်အတွက် နမူနာတွက်ချက်မှုပုံစံများပါဝင်ပြီး စျေးနှုန်းတွက်ရန်အတွက် Unit ပြောင်းတွက်ခြင်းများပါဝင်မှာဖြစ်ပါတယ် ။
♦️Painting Work မှာပါဝင်မည့် သံထည်ပစ္စည်းများအတွက် ဆေးသုတ်ရမည့်ဆေးအမျိုးအစားများ နှင့် Estimate အတွက်ကြိုတင်လေ့လာထားနိုင်ရန် နမူနာတွက်ချက်မှုပုံစံများပါဝင်မှာဖြစ်ပါတယ် ။
♦️Estimate တွက်ရန်အတွက်လိုအပ်သောအချက်အလက်များအပြင် Steel Structure Building တွင်အသုံးပြုမည့် Other Materials များအကြောင်းလည်းအသေးစိတ်ပါဝင်မှာဖြစ်ပြီး နမူနာတွက်ချက်မှုလည်းပါဝင်မှာဖြစ်ပါတယ် ။ အပူခံပြားအတွက်အများအသုံးပြုသည့် OPP Insulation အကြောင်း ၊ Angle Iron Section များအကြောင်း ၊
C chnnel & U Channel များ၏မတူညီတဲ့ကွာခြားချက်များ၊ Hollow Section အမျိုးအစားများ ၊ Chequer Plate ၊ Flat Bar စသည့်အကြောင်းအရာများကိုလေ့လာနိုင်မှာဖြစ်ပါသည် ။
♦️Steel Structure Estimate တွက်သူတိုင်းအတွက်အဆင်ပြေစေရန် မရှိမဖြစ်အသုံးပြုရမည့် Unit Weight Table ကိုလည်းထည့်သွင်းဖော်ပြပေးထားပါသည် ။
#ရည်ရွယ်ချက်
♦️စာအုပ်ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ Steel Structure Building တည်ဆောက်ရေးသဘောထားများ ၊ လုပ်ငန်းပိုင်းဆိုင်ရာသိမှတ်ဖွယ်ရာများ ၊ Steel Structure Building တွင် အသုံးပြုမည့် Materials များအကြောင်းကို သေချာနားလည်သဘောပေါက်စေရန်ဖြစ်ပါတယ် ။ Steel Structure Estimate တွက်ရန်အတွက်အခြေခံအဆင့်များကိုနားလည်သဘောပေါက်စေပြီး Building တစ်လုံးစာတွက်ချက်မှုကိုစတင်လေ့လာသောအခါ လွယ်ကူအဆင်ပြေစေရန်ဖြစ်ပါတယ် ။
#ဘယ်သူတွေစာအုပ်လေးကိုဖတ်သင့်လဲ
♦️Steel Structure Estimate နှင့်ပတ်သက်ပြီးအခြေခံမှစတင်လေ့လာလိုသူများ ၊ နည်းပညာကောလိပ် နှင့် နည်းပညာတက္ကသိုလ်မှကျောင်းတက်နေဆဲ ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းခွင်ဝင်ရောက်မည့် Junior များအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ လေ့လာခွင့်ရဖို့ရည်ရွယ်ပါတယ် ။
စာရေးသူ- Daw Yu Yu Htun
စာမျက်နှာ-240
=====================
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.