ပိုက်ဆံသုံးခြင်းအနုပညာ (လမင်းသောင်းထွန်း)
အနုပညာသည် တစ်ကြောင်းတည်းနှင့်ပြီးသော ဖော်မြူလာတစ်ခုထဲသို့ ထည့်သွင်း၍မရ။ အနုပညာသည် ရှုပ်ထွေးသည်။ များသောအားဖြင့် ဝိရောဓိဖြစ်သည်။
ပုဂ္ဂိုလ်ရေးဘဝကို မြင်နိုင်သော ပြတင်းတစ်ချပ်ဖြစ်သည်။ ပိုက်ဆံသုံးခြင်း အနုပညာသည် ပင်ကိုစရိုက်၊ လောဘ၊ မစ္ဆရိယ၊ ရပ်တည်မှုနှင့် နောင်တတို့လို အရာများအားလုံးကို လွှမ်းခြုံသည်။ ဤစာအုပ်မှာ ထိုအရာများအကြောင်းပင်။
ပိုက်ဆံသုံးခြင်း အနုပညာကို ထောင့်အမျိုးမျိုးမှ ကြည့်မြင်နိုင်အောင် ကျွန်တော်ကြိုးစားသည်။ သို့သော် ဘုံတူညီမှု အနည်းငယ်မျှသာ ရှိသည်ကို တွေ့မြင်ရပါလိမ့်မည်။
ပိုက်ဆံသုံးနည်း နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ပိုက်ဆံကို ပိုမိုကောင်းမွန်သော ဘဝတစ်ခုအတွက် ကိရိယာအဖြစ် အသုံးပြုခြင်းဖြစ်သည်။
နောက်တစ်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် အခြားသူများနှင့် နှိင်းယှဉ် တိုင်းတာဖို့ ကိုတ်တံအဖြစ် အသုံးပြုခြင်း ဖြစ်သည်။
လူတော်တော် များများက ပထမတစ်မျိုးကို ရည်မှန်းချက်ထားလေ့ရှိကြသည်။ သို့သော် တွေ့ဘဝတွင် ဒုတိယအမျိုးအစားနောက် လိုက်နေကြသည်။
ပိုက်ဆံသုံးခြင်းအနုပညာ
လမင်းသောင်းထွန်း(မြန်မာပြန်)
စာ-၂၂၈
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.