ဆည်းဆာတို့၏ အလှတရား (သိုက်)

သိုက်

ဆည်းဆာတို့၏ အလှတရား (သိုက်)

10000 MMK
Out of stock
Publisher
ISBN
Pages
181
Wishlist View cart

🍀စာအုပ်အမည် - ဆည်းဆာတို့၏ အလှတရား

🍀စာရေးသူ - သိုက်(ရွှေကူ)

🍀စာမျက်နှာ - ၁၈၁


စာညွှန်း -

အိမ်ထောင်စုတစ်ခုမှာ အိမ်ထောင်ရှင်မိန်းမ မရှိရင် အိမ်ထောင်ရေးဟာ အနှေးနဲ့အမြန် ပြိုကွဲတတ်ကြပါတယ်။ အဖေက ပိုက်ဆံရှာတယ်။ အမေလုပ်တဲ့သူက ရှာသမျှပိုက်ဆံနဲ့ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ပညာရေးကစလို့ လောက်ငှအောင် ကြံဖန်ကြရပါတယ်။ တစ်နည်းပြောရရင် ယောက်ျားရှာသမျှ ငွေကြေးဉစ္စာကို ထိန်းသိမ်းပေးရသလို သားသမီးတွေ လိမ္မာရေးခြား ရှိအောင်လည်း ပြုစုပျိုးထောင်ကြရပြန်တယ်။ မိန်းမ မရှိတော့တဲ့ ယောက်ျားတစ်ယောက်ဟာ သားသမီးကို ဖအေလိုတစ်မျိုး၊ မအေလိုတစ်မျိုး နှစ်နေရာက အုပ်မိုးပေးရပါတယ်။ ဒီလိုထိန်းတဲ့နေရာမှာ တချို့အဖေတွေက သားသမီးတွေကို "ငါ့သားသမီးတွေက မိတဆိုးလေးတွေ" လို့ တစ်ထစ်လျှော့ပြီး အလိုလိုက်ပေးလိုက်တဲ့အခါ သူတို့လေးတွေ ဆိုးချင်တိုင်းဆိုးဖို့ လမ်းပေါက်တစ်ပေါက် ဖွင့်ပေးလိုက်သလိုပါပဲ။ သူတို့တွေရဲ့ စိတ်ထဲမှာလည်း အဖေက ဒါလေးလောက်နဲ့ မပြောပါဘူးကနေ ကြီးမားတဲ့အမှားတွေထိ ဖြစ်သွားနိုင်ပါတယ်။

အပေါ်မှာ ပြောထားတဲ့ သဘောတရားလေးကို အခြေခံပြီး ဒီဝတ္ထုရှည်လေးကို ဖန်တီးမိတာပါ။ ဖခင်နဲ့ သားသမီးတွေကြားက ချစ်ခြင်းမေတ္တာ၊ အတ္တကြောင့် မကြံမိတာ ကြံမိသွားတဲ့ သမီးတွေရဲ့ဒုက္ခ၊ အချစ်ကြောင့် မစဉ်းစား မဆင်ခြင်နိုင် ဖြစ်သွားရလောက်ထိ ရူးသွပ်တဲ့ မိန်းမပျိုလေးတစ်ဦး၊ နှလုံးထီကြောင့် ဘဝပျက်ခဲ့ရတဲ့ လူတစ်ယောက်၊ သားသမီးတွေရဲ့ လုပ်ရပ်ကြောင့် ပူပင်သောကရောက်ရတဲ့ ဖခင်တစ်ယောက်ရဲ့ အပူနဲ့အတူ အချစ်ကို ဦးစားမပေးဘဲ ကိုယ့်စည်းနဲ့ကိုယ် အချိန်မီနေနိုင်လိုက်တဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမယ့် ဝတ္ထုရှည်စာအုပ်လေးပါ။

ပြီးတော့ ဒီစာအုပ်လေးဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၃ မိုင် မြို့ရှောင်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မှောက်မှုကြောင့် ဒီဝတ္ထုရှည်လေး ဖြစ်လာတာပါ။ ဒီဝတ္ထုထဲက ၅၀ % ဟာ လက်တွေ့ဘဝမှာ သက်ရှိထင်ရှား ရှိနေကြသူတွေဖြစ်ပြီး နောက်ထပ် ၅၀ % ကိုတော့ လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံး ဇာတ်ကောင်တွေပါပဲ။

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.