အမှောင်ထဲက အစိုးရ (သက်ဆွေ)
Mike Lofgren ရေးသည့် Deep State စာအုပ်ကို ဖတ်ရှုစဉ်က အမေရိကန်နိုင်ငံရေး လောက၏ အခြားသော ရှုထောင့်တစ်ခုမှ အမြင်ကို ဗဟုသုတရရန်အတွက်သာ ရည်ရွယ် ဖတ်ရှုခဲ့ခြင်းဖြစ်ပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် အမေရိကန်တို့ ထုံးစံအတိုင်း စိတ်ဝင်စား အောင် ရေးသားထားသော ပူးပေါင်းကြံစည်မှုသီအိုရီ (Conspiracy Theory) ဇာတ်လမ်း တစ်ပုဒ်မျှသာဟု ထင်မှတ်ခဲ့ပါသည်။ သို့သော် ဖတ်ရှုရင်းဖြင့် စာရေးသူ ထောက်ပြထားသော အချက်များမှာ သမိုင်းဖြစ်စဉ်များ၊ လက်ရှိကြုံတွေ့နေရသည့် ဖြစ်စဉ်များနှင့်လည်း ကိုက်ညီ ပြီး မငြင်းနိုင်သောအချက်များဖြစ်သည့်အတွက် စိတ်ဝင်စားဖွယ် စာအုပ်ကောင်းတစ်အုပ် ဖတ်မိပြီဟု ခံစားခဲ့ရသော စာအုပ်ဖြစ်ပါသည်။
Mike Lofgren ရေးသည့် Deep State စာအုပ်ကို ပြန်ဆိုထားပြီး အချို့သော နောက်ခံအကြောင်း အရာများကို အသေးစိတ် မဖော်ပြတော့ဘဲ ခြုံငုံပြီး မူရင်းအဓိပ္ပာယ်မပျက် ရေးသားထားပါသည်။
📓အမှောင်ထဲက အစိုးရ
✍သက်ဆွေ-ဘာသာပြန်
စာ-275
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.