မြို့ပြအင်ဂျင်နီယာတို့အတွက် မြေတို့၏မာယာ (ဦးကျော်ဝင်းသန်း)

ဦးကျော်ဝင်းသန်း

မြို့ပြအင်ဂျင်နီယာတို့အတွက် မြေတို့၏မာယာ (ဦးကျော်ဝင်းသန်း)

20000 MMK
Out of stock
Publisher
ISBN
Pages
228
Wishlist View cart

မြို့ပြအင်ဂျင်နီယာတို့အတွက်

မြေတို့၏မာယာ

(အဆောက်အဦးများ၏ မြေငလျင်ဒဏ်ခံနိုင်ရေး)

စာအုပ်တွင် အခန်း(၇) ပါဝင်ပါသည်။

အခန်း(၁)တွင်နိဒါန်းနှင့် အခန်း(၂)တွင် ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်ထူ ထောင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာအယူအဆများကိုရှင်းလင်းဖော်ပြထားပါသည်။

အခန်း(၃)တွင်လိုအပ်သော စွမ်းဆောင်ရည်အဆင့်များကို ဖော်ပြပါသည်။

အခန်း(၄) တွင် ငလျင်ဆိုင်ရာအကဲဖြတ်ချက်များကို အခန်းခွဲ-၄-ခုဖြင့် ခွဲခြားထားကြောင်း ဖော်ပြထားပါ သည်။

အခန်း(၅)တွင် ပျက်စီးဆုံးရှုံးမှု အဆင့်အတန်း (၅)မျိုးကို ပုံများ၊ဇယားများ ဖြင့် ဖော်ပြရှင်းလင်း ဖော်ပြထားပါသည်။

အခန်း(၆)တွင် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ခိုင်ခံ့ရေးနည်းဗျူဟာများ၊ ပြန်လည်ပြုပြင်ရေးနည်းလမ်း ရွေးချယ်ခြင်းများတို့ကို အခန်းခွဲ (၃)ခန်းဖြင့် အသေးစိတ်ရေးသားထား ပါသည်။

အခန်း(၇)တွင် အဆောက်အအုံ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များအား ခွဲခြမ်းစိတ်ဖြာခြင်းကို ဖော်ပြထားပါ သည်။

နောက်ဆက်တွဲများ (Annexes)တွင် နောက်ဆက်တွဲ(က မှ စ အထိ)(AtoF) ထိရေးသားထားပါသည်။နောက်ဆက်တွဲများကို ဖော်ပြရာတွင် အဓိပ္ပါယ် မလွဲချော်စေရေး၊ လက်တွေ့အသုံးချရာတွင် အလေ့အကျင့်ဖြစ်စေရေးတို့အတွက် မြန်မာဘာသာသို့ ပြန်ဆို ခြင်းမပြုဘဲ မူရင်းဘာသာဖြင့်သာဖော်ပြပါသည်။နောက်ဆက်တွဲပါ ဥပမာပုစဉ့်များကိုလည်း မူရင်းအင်္ဂလိပ်ဘာသာဖြင့်သာဖော်ပြထားပါသည်။လက်တွေ့တွက်ချက်ရာတွင်အလေ့အကျင့် ဖြစ်စေရန်နှင့် ဝေါဟာရများကို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ဖြစ်ပါသည်။ မှီငြမ်းထားသော သက်ဆိုင်ရာ code များ၊ Formula များကိုလည်း ဖော်ပြထားပါသည်။ အသေးစိတ် တွက်ချက်မှုများကို လုပ်ငန်းစဉ်အလိုက် လက်တွေ့တွက်ချက်ဖော်ပြထားပါသည်။

==============

စာရေးသူ-ဦးကျော်ဝင်းသန်း(81 Civil -RIT)

GTIအေးသာယာကျောင်းအုပ်ကြီး(ငြိမ်း)

စာမျက်နှာ-၂၂၈

---------------------------------------‐------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.