အရောင်သဘောတရား (ဦးသစ်လွင်စိုး)

ဦးသစ်လွင်စိုး

အရောင်သဘောတရား (ဦးသစ်လွင်စိုး)

15000 MMK
Out of stock
Publisher
ISBN
Pages
Wishlist View cart

📖အရောင်သဘောတရား

Colour Theory

ပန်းချီ၊ ဒီဇိုင်း အခြေခံသဘောတရားများသာမက အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတိုင်း အတွက် အရောင်နှင့်ပတ်သက်သော သဘောတရားကို အခြေခံမှစ၍ ဖော်ပြထားသည်။

အခြေခံအရောင်စနစ်များအကြောင်းကို မူလအရောင်၊ ဒုတိယအရောင်၊ တတိယအရောင်အပြင် ဆန့်ကျင်ဘက်၊ မိတ်ဖက်၊ ဖြည့်ဖက်အရောင်များ စသည်ဖြင့် အသေးစိတ် ဖော်ပြထားသည်။

ဆေးရုံမှာသုံးသောအရောင်၊ ရုံးများမှာသုံးသောအရောင်၊ စားသောက်ဆိုင်မှာ သုံးသောအရောင်၊ ပန်းခြံမှာသုံးသောအရောင်များ၏ သဘာဝနှင့် အနက်အဓိပ္ပာယ်များ၊ အရောင်တစ်ရောင်ချင်းစီ၏ လွှမ်းမိုးမှုပုံစံများ၊ ကွဲပြားခြားနားခြင်းများ၊ အကျိုးသက်ရောက်မှုများကို ရှင်းလင်းဖော်ပြထား သည်။ CMYK အခြေပြု အရောင်သဘောတရားအပြင် အရောင်တို့၏ နုရင့်အရည်အသွေးများ၊ တောက်ပမှု ပြင်းအားများအကြောင်း သရုပ်ဖော်ပုံများဖြင့် ရှင်းလင်းဖော်ပြထားသည်။

အခြေခံအရောင်တစ်ရောင်ချင်းမှသည် အရောင်ဆက်စပ်မှုအစီအစဉ်များကို ပုံစံအမျိုးမျိုးဖြင့် ပန်းချီဒီဇိုင်းပညာရှင်၏ စိတ်ကူးဉာဏ် ကွန့်မြူးမှုအလျောက် ဆက်စပ်ဖန်တီးနိုင်မှုများအကြောင်း တင်ပြထားသည်။

Colour Chart အရောင်စက်ဝိုင်းဇယားကို အသုံးပြုပုံပြုနည်းနှင့် လိုက်ဖက်ပြေပြစ်သော အရောင် အစီအစဉ်များကို မည်ကဲ့သို့ ဖန်တီးနိုင်ကြောင်း အသေးစိတ် သရုပ်ဖော်ပုံများနှင့်တကွ ဖော်ပြပေး ထားသည်။

ထို့ပြင် အရောင်တို့၏ အနုအရင့်၊ အပူအအေး၊ ဖြစ်တည်မှု၊ ဆန့်ကျင်ပြတ်သားမှု အစရှိသည့် သွင်ပြင်လက္ခဏာများနှင့် တုံ့ပြန်မှုများအကြောင်း အခန်းသစ်တစ်ခန်းကို ပုံစံပြနမူနာများဖြင့် အသေးစိတ် ဖော်ပြထားသည်။

---------------

စာရေးသူ-ဉီးသစ်လွင်စိုး

-------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.