အမျိုးသမီးတစ်ယောက်ရဲ့စွမ်းအား (နှင်းအေးလူ)

နှင်းအေးလူ

အမျိုးသမီးတစ်ယောက်ရဲ့စွမ်းအား (နှင်းအေးလူ)

7000 MMK
ကြိုတင်မှာယူ

စာအုပ် Stock မရှိသေးပါ။ အနည်းဆုံး ၃ ရက်ခန့် စောင့်ရနိုင်သည်။

Publisher
မိုးကောင်းမြေ
ISBN
—
Pages
111
Wishlist View cart

📕အမျိုးသမီးတစ်ယောက်ရဲ့စွမ်းအား

✍ - နှင်းအေးလူ

စာမျက်နှာ - ၁၁၁


အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဆိုတာ ပန်းပွင့်လေး တစ်ပွင့်ရဲ့ဖြစ်တည်ရှင်သန်မှုနဲ့ အလားသဏ္ဌာန်တူပါတယ်။ အမျိုးသမီးဆိုတာ နူးညံ့တဲ့ စိတ်နှလုံးသားရှိပြီး ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်ပါတယ်။

ချစ်တဲ့သူတွေအတွက် အစွမ်းကုန် မွှေးမြပြီး မချစ်တဲ့သူတွေအတွက် အဆိပ်အတောက်၊ ဒဏ်ရာဖြစ်စေလောက်အောင် စွမ်းနိုင်တဲ့ အံ့ဖွယ်မိန်းမသားတွေ ဖြစ်ပါတယ်။ ပန်းတွေရဲ့သဘာဝဟာ ပင်ကို နူးညံ့လှပလွန်းပေမဲ့ သူ့စရိုက်သဘာဝနဲ့သူမို့ အားနည်းချင် နည်းမယ်။ နေဒဏ်ကြောင့် နွမ်းချင် နွမ်းမယ်။ နေဒဏ်ခံရပြီးမှ လန်းချင် လန်းမယ်။ ခူးခြွေသူအတွက် အဆိပ်သင့်အောင် စူးသင့်ရင် စူးလိုက်မယ်။ ခူးခြွေသူလက်ထဲ အလိုက်သင့် သက်ဆင်းချင် သက်ဆင်းမယ်။ မေတ္တာစိတ်ကြောင့် ကမ္ဘာတစ်ခုလုံး မွှေးပျံ့အောင် စွမ်းနိုင်ပါတယ်။

ဒီစာအုပ်လေးကို ဖတ်မိလိုက်တဲ့ အမျိုးသမီးတိုင်း အတုယူသင့်တာ အတုယူ၊ ပြောင်းလဲသင့်တာ ပြောင်းလဲ၊ ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books