ဓမ္မစကြာနှင့် မဟာသမယသုတ်လာ  ဘဝနေနည်းအနုပညာ (အရှင်ဉာဏဝရ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မစကြာနှင့် မဟာသမယသုတ်လာ ဘဝနေနည်းအနုပညာ (အရှင်ဉာဏဝရ)

7500 MMK
Out of stock
Publisher
ISBN
Pages
119
Wishlist View cart

☸️ဓမ္မစကြာနှင့် မဟာသမယသုတ်လာ

ဘဝနေနည်းအနုပညာ


နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတတ်ပါတယ်။ ဒီစာအုပ်လေးဟာ အဲဒီပြဿနာတွေအတွက် မြတ်စွာဘုရား ကိုယ်တိုင်ဟောခဲ့တဲ့

လက်တွေ့အဖြေတွေကို ခေတ်လူငယ်တွေအတွက်

အထူးရည်ရွယ်ပြီး စုစည်းထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။


ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်နဲ့ မဟာသမယသုတ်လို

နက်ရှိုင်းတဲ့ တရားတော်တွေကို ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ရုံသက်သက်မဟုတ်ဘဲ နေ့စဉ်ဘဝမှာ အသုံးချလို့ရတဲ့

''ဘဝနေနည်း အနုပညာ''အဖြစ် ပြောင်းလဲပေးထားပါတယ်။


ဒီစာအုပ်မှာ အရင်ဆုံး ဓမ္မစကြာတရားဦးကနေ

အစွန်းနှစ်ဘက်ကို ရှောင်ရှားနည်း၊ သစ္စာ ၄ ပါးကို

ပြဿနာဖြေရှင်းနည်း အဆင့် ၄ ဆင့်အနေနဲ့ မဂ္ဂင် ၈ ပါးကို

ဘဝအေးချမ်းအောင်မြင်ရေးစနစ်အဖြစ် တင်ပြထားပါတယ်။


နောက်ဆုံး မဟာသမယ ၇ သုတ်က ကိုယ့်စရိုက်ကို စစ်ဆေးနည်း ပြပြီး ကိုယ်နဲ့ကိုက်ညီတဲ့တရား ရွေးချယ်ကျင့်သုံးနည်းကို ညွှန်ပြပါတယ်။ မဟာသမယသုတ်ကို

ပိုမိုအစွမ်းထက်မြက်အောင် ရွတ်ဖတ်နည်းကိုလဲ

ဖော်ပြပေးထားပါတယ်

✍အရှင်ဉာဏဝရ(ပါရမီ)

စာမျက်နှာ-120

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.