ပျော်ရွှင်သောငွေ(နေထွန်းလင်း)
• ‘ပျော်ရွှင်သောငွေ’ စာအုပ်ဟာ ဒီအတိုင်းသာမန် ငွေကြေးနဲ့ပတ်သက်တဲ့ တိုးတက်ရေး စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ဒီစာအုပ်က ငွေကြေးနဲ့ပတ်သက်တဲ့ မိတ်ဆွေရဲ့ အတွေးအခေါ်အားလုံးကို ပြောင်းစေရုံတင်မက မိတ်ဆွေရဲ့ ဘဝကိုပါ ပြောင်းလဲပေးပါလိမ့်မယ်။ - (Lynne McTaggart)
• "မိတ်ဆွေနဲ့ ငွေကြေး ကြားမှာရှိတဲ့ ဆက်ဆံရေးကို အဖုအထစ်တွေကနေ ချောမွေ့ညင်သာတဲ့ စီးဆင်းမှုအဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ ရှင်းလင်းချက်တစ်ခုပါပဲ” - (Arjuna Ardagh)
• ‘ပျော်ရွှင်သောငွေ’ ဆိုတဲ့ စာအုပ်က မိတ်ဆွေရဲ့ ဘဝကို ပြောင်းလဲပေးပါလိမ့်မယ်။ အကြောင်းကတော့ ဒီစာအုပ်က မိတ်ဆွေရဲ့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ၊ စွမ်းအင်နဲ့ ကိုယ်ပိုင်သိမှုအပေါ် ရှုမြင်ပုံတွေနဲ့ သက်ဆိုင်နေလို့ပါပဲ။ ဒါကို ပြောင်းလဲလိုက်တာနဲ့ ငွေကြေးက မိတ်ဆွေထံ စီးဝင်လာပါလိမ့်မယ်။" - (Kute Blackson)
🖌 Ken Honda (本田 健) သည် ဂျပန်နိုင်ငံတွင် အလွန်လူသိများပြီး ဩဇာလွှမ်းမိုးမှုကြီးမားသည့် ငွေကြေးဆရာတစ်ဦး ဖြစ်သည်။ သူ့ကို ချစ်ခင်သောအားဖြင့် “Zen Millionaire” နှင့် “Happy Panda” ဟုလည်း ခေါ်ကြသည်။ နှစ် ၃၀ ကျော်ကြာ သူ၏ အတွေ့အကြုံများအပေါ်အခြေခံ၍ သူ ရေးသားခဲ့သော စာအုပ် ၁၂၀ ကျော်အနက်မှ “Happy Money” (ပျော်ရွှင်သောငွေ) အမည်ရသော စာအုပ်သည် နိုင်ငံတကာ အဆင့် ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ပြီး ဘာသာစကား ၁၅ မျိုးအထိ ဘာသာပြန်ထုတ်ဝေထားသည်။
🖌 သူ၏ အတွေးအခေါ်များနှင့် စာအုပ်များသည် ငွေကြေးအောင်မြင်မှုနှင့် ပျော်ရွှင်မှုကို ရှာဖွေသူများအတွက် တက်ကြွရှင်သန်စေသော အလင်းရောင်ဖြစ်စေခဲ့ပါသည်။
📒ပျော်ရွှင်သောငွေ
-----------------------------
စာမျက်နှာ-140
---------------------------------------‐------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.