မိတ္တဗလဋီကာ (ဦးနု)

ဦးနု

မိတ္တဗလဋီကာ (ဦးနု)

14000 MMK
Out of stock
Publisher
ငါတို့စာပေ
ISBN
Pages
326
Wishlist View cart

မိတ္တဗလဋီကာ


ဤစာအုပ် မဟာသည် သင့်အား၁၂ ပါးသောအကျိုးထူးကို ပေးလတ္တံ့။


၁။ သင်၏ဟောင်းနွမ်းပျက်စီးနေသော စိတ်ထားများကို အမြစ်ကပါ သုတ်သင်၍အကြံကောင်းအစည်ကောင်းနည်းကောင်းများကို သင့်အား ပေးလတ္တံ့။


၂။ သင့်တွင် မိတ်ကောင်းဆွေကောင်းပေါများအောင် ပြန်ပြန်လုပ်ပေးလတ္တံ့။


၃။ သင့်တွင် လူချစ်လူခင်တိုးလာအောင် လုပ်ပေးလတ္တံ့။


၄။ သင့်အလိုသို့လူများကို ပါအောင် ဆွဲနိုင်သောနည်းများကို သင့်အား ပေးလတ္တံ့။


၅။ သင်၏ဩဇာကို ကြီးမားအောင်သော်လည်းကောင်း၊သင်၏ဂုဏ်သတင်း ပျံ့သင်းအောင်သော်လည်းကောင်း၊ ကိစ္စ အရပ်ရပ်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်သော စွမ်းရည်သတ္တိ ကိုလည်းကောင်း ဖန်ဆင်း ပေးလတ္တံ့။


၆။ သင်၏စီးပွားရေးတွင် သင့်ကို ကူညီဝိုင်းဝန်း အားပေးကြည့်မည့်သူများ ပေါများလာအောင် လုပ်ပေးလတ္တံ့။


၇။ သင့်၏ဝင်ငွေကို တိုးစေလတ္တံ့၊


၈။ သင့်အား ကုန်သည်ကြီးကောင်းတစ်ယောက် ၊ အစီအမံထိပ်သီးကြီး တစ်ဦး ဖြစ်အောင် လုပ်ပေးလတ္တံ့။


၉။ သင့်အား အရှုပ်အထွေးများကို ဖြေရှင်းရန် အငြင်းအခုန်များကို ရှောင်ကွင်းရန် ကူညီလိမ့်မည့်အပြင် မိတ်သင်္ဂဟများနှင့် ပေါင်းသင်းရေးတွင် ချောမောပြေပြစ်ချစ်ကြည်ခြင်းကို ဆောင်လတ္တံ့။


၁ဝ။ စင်မြင့်စကားပြောကောင်း၊ စကားဝိုင်းတွင် ပွဲတောင်းသူ တစ်ယောက် ဖြစ်အောင် လုပ်ပေးလတ္တံ့။


၁၁။ သင့်အား စိတ်ပညာနှင့်သက်ဆိုင်သောခဲရာခဲဆစ်နည်းကောင်းများကို သင့်အကျိုးအတွက် နေ့စဉ်အသုံးပြုနိုင်ရန် လွယ်ကူအောင် လုပ်ပေးလတ္တံ့။


၁၂။ သင်၏မိတ်သင်္ဂဟ များကို စိတ်ကောင်းစိတ်မြတ်များဖြင့်တက်ကြွဖြိုးဝေ လာအောင် ဆွပေးနိုင်သော သတ္တိထူးကိုသင့်အား ပေးလတ္တံ့။

========================

စာရေးသူ–ဦးနု

စာမျက်နှာ–326

------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books