သက်ရှိရုပ်သေး (သိန်းပိုင်စိုး)
♟️ လောကကြီးမှာ အသုံးချခံရတာကို ငြီးငွေ့လို့လား၊ ဒါမှမဟုတ် လူတွေရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေလဲဆိုတာကို သိချင်လို့လား။
♟️ ငါတို့ မြင်နေရတဲ့ လောကကြီးဟာ ပြဇာတ်စင်တစ်ခုနဲ့ တူတယ်။ လူတွေက ပြုံးပြနေပေမဲ့ လိုက်ကာနောက်ကွယ်မှာတော့ မမြင်ရတဲ့ကြိုးတွေကို ဆွဲပြီး တစ်ယောက်နဲ့တစ်ယောက် ကစားနေကြတာ။ အဲဒီကစားပွဲမှာ မင်းက ကြိုးဆွဲခံရတဲ့ "အရုပ်" ဖြစ်မလား၊ ဒါမှမဟုတ် ကစားပွဲကို ထိန်းချုပ်တဲ့ "ကြိုးဆွဲရှင်" ဖြစ်မလားဆိုတာ မင်းရဲ့ရွေးချယ်မှုပဲ။
♟️ ဒီစာအုပ်ထဲမှာ ဘယ်သူမှ ထုတ်မပြောချင်တဲ့ အမှန်တရားတွေကို ပြောပြထားတယ်။ လူတစ်ယောက်ရဲ့ အတ္တကို ဘယ်လိုကစားရမလဲ၊ သူတို့ရဲ့ကြောက်ရွံ့မှုကို ဘယ်လိုအသုံးချရမလဲ၊ ပြီးတော့... တစ်ဖက်လူက မင်းကို အပိုင်တွက်နေချိန်မှာ မင်းက ဘယ်လိုမျိုး ပုံသဏ္ဌာန်မဲ့စွာနဲ့ အနိုင်ယူမလဲဆိုတာတွေပေါ့။
♟️ ဒါပေမဲ့ သတိတော့ ထားပါ… ဒီပညာရပ်တွေက အင်မတန် ထက်မြက်တဲ့ ဓားသွားလိုပဲ။ ပညာဆိုတာ အလင်းရောင်ဖြစ်သလို၊ အမှောင်ထုလည်း ဖြစ်နိုင်တယ်။ မင်းရဲ့လက်ထဲမှာ ရှိနေတဲ့ ဒီပညာတွေကို မင်းကိုယ်မင်း ကာကွယ်ဖို့နဲ့ မင်း ချစ်တဲ့သူတွေကို စောင့်ရှောက်ဖို့အတွက်ပဲ အသုံးချပါ။
📓 သက်ရှိရုပ်သေး
✍️ သိန်းပိုင်စိုး
စာမျက်နှာ ၁၁၂
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.