မပြိုင်ဘဲ နိုင်အောင်လုပ်ပါ - Dr. Phyo Paing
စီးပွားရေးဆိုတာ ဖောက်သည်တွေရဲ့ လိုအပ်ချက်၊ လိုချင်မှု၊ တစ်နည်းအားဖြင့် ပြဿနာတွေကို အမြတ်ငွေယူဖြေရှင်းတာဖြစ်တယ်။ ဒါကြောင့် ဘာပြဿနာကို ဘယ်လိုပုံစံဖြေရှင်းမလဲ အရင်စဥ်းစားဖို့လိုတယ်။
လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ရွေးချယ်မှုအရေးကြီးတယ်။ ဘယ်လုပ်ငန်း၊ ဘယ်နယ်ပယ်မှာ ဘယ်လိုမျိုးဖောက်သည်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဘယ်လောက်နဲ့ ဘယ်နှစ်ကြိမ်ကို ဘယ်လိုမတူတဲ့ပုံစံနဲ့ ဘယ်လိုသိအောင်လုပ်ပြီး ဝယ်အောင်၊ ထပ်ဝယ်အောင်လုပ်ဆောင်မလဲ။ ဘယ်လောက်ကုန်ကျပြီး၊ ဘယ်လိုလူတွေကိုယ့်ကိုကူညီဖို့လိုသလို၊ ဘယ်လို ဝန်ထမ်းတွေကို အလုပ်ခန့်ထားရမလဲ။ လုပ်ငန်းဘယ်လိုလည်ပတ်မလဲ အရင်စဥ်းစားရတယ်။
ဒီစာအုပ်မှာ မပြိုင်ဘဲနိုင်အောင်လုပ်နိုင်မယ့် စီးပွားရေးဆိုင်ရာအယူအဆတွေ၊ ကိုယ်မပါဘဲ လည်ပတ်လို့ရအောင် ဘယ်လို System ချမလဲ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ဖို့ ဘာတွေလိုမလဲ၊ လုပ်ငန်းရှင်သန်တိုးတက်ရေးအတွက်အရေးကြီးတဲ့ Business Model နဲ့ Strategy တွေ စသဖြင့် Business Development ဆိုင်ရာအတွေးအမြင်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
.
📕 မပြိုင်ဘဲ နိုင်အောင်လုပ်ပါ
✍ Dr. Phyo Paing
စာမျက်နှာ - ၁၄၆
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.