Working With PLC Programmable Logic Controller (Thet Win Soe)
Working With PLC Programmable Logic Controller ( DVD ခွေမပါ)
=========================
Industrial Automation & Control နှင့် သက်ဆိုင်သော လုပ်ငန်းခွင်များမှာသာမက Building Management System (BMS/ BAS) လုပ်ငန်းခွင်များတွင်ပါလုပ်ငန်း လိုအပ်ချက်ကို လိုက်ပြီး ပုံစံ အမျိုးမျိုးနှင့် တွင်ကျယ်စွာ အသုံးပြုနေကြသော Programmable Logic Controller အကြောင်းကို အလွယ်ကူဆုံး နှင့် အရိုးရှင်းဆုံး ဖြစ်အောင် ရည်ရွယ်ပြီး ရေးသား ထားပါတယ်။
PLC ကို လေ့လာကြသူ များမှာ အများအားဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာ အတွေ.အကြုံ ကောင်းမွန်ပြီး (သို.မဟုတ်) အတိုင်းအတာ တခုထိ လေ့လာပြီး သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် Hardware ပိုင်းကို လေ့လာ လုပ်ကိုင်ရာမှာ အခက်အခဲ မရှိသလောက် နည်းပါတယ်။ ဒီစာအုပ်မှာ Hardware ပိုင်းကို လိုအပ် သလောက်သာ ရေးသားထားပြီး Software ပိုင်းအတွက်ကို အချိန်တို အတွင်း အခြေခံ ကောင်းမွန် ပိုင်နိုင်စေရန် ရေးသား ထားပါတယ်။ ဒီလို ရေးသားရာမှာ စာဖတ်သူ မိတ်ဆွေများ အလွယ်တကူ ရယူ လေ့ကျင့်နိုင်စေဖို. ရည်ရွယ်ပြီး DELTA Electronics, INC. ကထုတ်လုပ် ရောင်းချသော DVP_ES2 PLC အမျိုးအစားနဲ. WPLSoft PLC Software ကို အသုံးပြု ကိုးကားပြီး ရေးသား ထားပါတယ်။
Software ကို လေ့လာရာတွင်လည်း Software မှာ အသုံးပြုနိုင်သမျှ Instructions များအားလုံးကို လေ့လာခြင်းထက် လက်တွေ. လုပ်ငန်းခွင်မှာ အသုံးပြုရန် လိုအပ်သော Instructions များကို အပိုင်နိုင်ဆုံး အသုံးပြု ရန်သာ ယခု စာအုပ်က အားထုတ်ထားပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
စာရေးသူ–Thet Win Soe
---------------------------------------‐------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.